'
Monday, 17 December 2012
Saturday, 1 December 2012
အနာဂတ်ကောင်းကင် ကထိန်အလှူနှင့် စပ်လျင်း၍ ကျေးဇူးတင် ၀မ်းမြောက်စကား
အနာဂတ်ကောင်းကင်မိသားစုဝင်အားလုံး
ကိုယ်လည်းကျန်းမာ ၊ စိတ်လည်းရွှင်လန်း ၊ နှလုံးချမ်းအေးလို့
၊အပြုံးပန်းမွှေးစေကြောင်း ဆုတောင်းမေတ္တာစကားနဲ့ နှုတ်ခွန်းဆက်သရပါတယ် ။
တွဲသောလက်များ ၊ မြဲဆက်ထား ၊
ပေးဆပ်စိတ်ထား ၊ ဒါနများနဲ့
ရှေ့သို့ ခရီးနှင် ၊ တို့ကောင်းကင်ဆိုတဲ့ အတိုင်း ၊
တစ်ဆင့်ပြီး တစ်ဆင့်
တစ်လှမ်းပြီးတစ်လှမ်း
မပျက်မကွက် ဆက်ခဲ့တဲ့ ပရဟိတ ခရီးစဉ်မှာ ခုဆို
ကြီးကျယ် မြင့်မြတ်သော
သဒ္ဓါစိတ်တို့ပြည့်လျှမ်း ၊ ၀မ်းသာရွှင်လန်း ပီတိပန်းတွေ ဖြင့်လှပသော
စည်းစည်းကားကား ၊ သိုက်သိုက်မြိုက်မြိုက်ရှိလှစွာသော
ကထိန်အလှူတော်ဒါန မော်ကွန်းသစ်တစ်ခု ကို အောင်မြင်စွာ ရေးထိုးမှတ်တမ်းပြုနိုင်ခဲ့ပြီဖြစ်ပါတယ် ။
ကောင်းကင်မိသားစုဝင်များရဲ့
စည်းလုံးညီညွတ် ချစ်ကြည်ရင်းနှီးမှု
တူသောခံယူချက် ၊ ညီသော ယုံကြည်ချက်
ထပ်တူကျသော စေတနာ တရားများကို အခြေပြုပြီး
စည်းစည်းလုံးလုံး
ညီညီညွတ်ညွတ်
တိုင်တိုင်ပင်ပင်
ညှိညှိနှိုင်းနှိုင်း
ကြိုးကြိုးစားစား
ဆောင်ရွက်ခဲ့ကြလို့လည်း ဒီလို ကြီးကျယ်ခန်းနား စည်ကားသိုက်မြိုက်တဲ့ ကထိန်ဒါနအလှူပွဲကြီးကို
အောင်မြင်စွာကျင်းပနိုင်ခြင်းဖြစ်ပါတယ် ။
တကယ်တန်းဆိုရရင်
ကထိန်အလှူဆိုတဲ့ ဘာသာရေးအနှစ်သာရပြည့်ဝလွန်းပြီး ၊ အမွန်မြတ်ဆုံး ဒါနလုပ်ငန်းစဉ်ကြီးတစ်ခုကို
အသက်အရွယ် ၊ လူမျိုး ၊နေရာ ကွဲပြားနေတဲ့ သူတွေစုပြီး
ဆောင်ရွက်ဖို့ဆိုတာ အင်မတန်ခက်ခဲမယ်လို့ထင်မှတ်စရာပါ ။