Saturday 1 December 2012

အနာဂတ်ကောင်းကင် ကထိန်အလှူနှင့် စပ်လျင်း၍ ကျေးဇူးတင် ၀မ်းမြောက်စကား


အနာဂတ်ကောင်းကင်မိသားစုဝင်အားလုံး ကိုယ်လည်းကျန်းမာ ၊ စိတ်လည်းရွှင်လန်း ၊ နှလုံးချမ်းအေးလို့ ၊အပြုံးပန်းမွှေးစေကြောင်း ဆုတောင်းမေတ္တာစကားနဲ့ နှုတ်ခွန်းဆက်သရပါတယ် ။

Friends18.com Orkut Scraps

တွဲသောလက်များ ၊ မြဲဆက်ထား ၊
ပေးဆပ်စိတ်ထား ၊ ဒါနများနဲ့
ရှေ့သို့ ခရီးနှင် ၊ တို့ကောင်းကင်ဆိုတဲ့ အတိုင်း ၊
တစ်ဆင့်ပြီး တစ်ဆင့်
တစ်လှမ်းပြီးတစ်လှမ်း
မပျက်မကွက် ဆက်ခဲ့တဲ့ ပရဟိတ ခရီးစဉ်မှာ ခုဆို
ကြီးကျယ် မြင့်မြတ်သော
သဒ္ဓါစိတ်တို့ပြည့်လျှမ်း ၊ ၀မ်းသာရွှင်လန်း ပီတိပန်းတွေ ဖြင့်လှပသော
စည်းစည်းကားကား ၊ သိုက်သိုက်မြိုက်မြိုက်ရှိလှစွာသော
ကထိန်အလှူတော်ဒါန မော်ကွန်းသစ်တစ်ခု ကို အောင်မြင်စွာ ရေးထိုးမှတ်တမ်းပြုနိုင်ခဲ့ပြီဖြစ်ပါတယ် ။
 
 
ကောင်းကင်မိသားစုဝင်များရဲ့
 
စည်းလုံးညီညွတ် ချစ်ကြည်ရင်းနှီးမှု
 
တူသောခံယူချက် ၊ ညီသော ယုံကြည်ချက်
 
ထပ်တူကျသော စေတနာ တရားများကို အခြေပြုပြီး
 
စည်းစည်းလုံးလုံး
 
ညီညီညွတ်ညွတ်
 
တိုင်တိုင်ပင်ပင်
 
ညှိညှိနှိုင်းနှိုင်း
 
ကြိုးကြိုးစားစား
 
ဆောင်ရွက်ခဲ့ကြလို့လည်း ဒီလို ကြီးကျယ်ခန်းနား စည်ကားသိုက်မြိုက်တဲ့ ကထိန်ဒါနအလှူပွဲကြီးကို
အောင်မြင်စွာကျင်းပနိုင်ခြင်းဖြစ်ပါတယ် ။
 
 
တကယ်တန်းဆိုရရင်
ကထိန်အလှူဆိုတဲ့ ဘာသာရေးအနှစ်သာရပြည့်ဝလွန်းပြီး ၊ အမွန်မြတ်ဆုံး ဒါနလုပ်ငန်းစဉ်ကြီးတစ်ခုကို
 
အသက်အရွယ် ၊ လူမျိုး ၊နေရာ ကွဲပြားနေတဲ့ သူတွေစုပြီး
 
ဆောင်ရွက်ဖို့ဆိုတာ အင်မတန်ခက်ခဲမယ်လို့ထင်မှတ်စရာပါ ။
 
ဒါပေမဲ့ ကောင်းကင် ပရဟိတလုပ်ငန်းတွေဆိုရင် လက်မနှေးပဲ ကြည်ဖြူတဲ့ သဒ္ဓါတရားနဲ့ လှူဒါန်းကြတဲ့ ဒါနရှင်တွေ
 
ကောင်းကင်ကို ကောင်းစေချင်လွန်းလို့ အကောင်းမြင်စိတ်ထားနဲ့ လိုအပ်သော
 
အကြံဥာဏ်ကောင်းတွေ ပေးတတ်သူတွေ
 
ကောင်းကင်ပရဟိတလုပ်ငန်းများမှာ အားတက်သရော ကိုယ်တိုင်ပါဝင်လုပ်ကိုင်ပေးကြတဲ့ စေတနာအလှပိုင်ရှင်တွေ
 
အားလုံးရဲ့စုပေါင်းမှုကြောင့် ကြီးမားတဲ့အင်အားတစ်ရပ်ဖြစ်လာခဲ့ပြီး ၊ ခက်ခဲမယ်ထင်ခဲ့တဲ့လုပ်ငန်းစဉ်ကြီးဟာ
 
အဆင်ပြေပြေ လွယ်လွယ်ကူကူ
 
စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်ပါတယ်  ။

 ဒီအလှူကို မူလကြံစည်တွေးတောခဲ့စဉ်က အလှူပွဲသေးသေးလေးတစ်ခုအဖြစ် ကျင်းပဖို့ စီစဉ်ခဲ့တာပါ ။
 
ကောင်းကင်မိသားစုဝင် စုပေါင်းဘုံကထိန်အလှူလုပ်မယ်ဆိုတဲ့ သတင်းကို သိတာနဲ့ 
 
ထက်သန်တဲ့ စေတနာသဒ္ဓါတရားရှင်များ
 
တက်ကြွတဲ့ လုံ့လ၀ိရိယလုပ်အားစေတာနာရှင်များ ၊ အဝေးကနေပေမဲ့ လိုအပ်ရင်လိုအပ်သလို
 
အကြံစည်ကောင်းတွေနဲ့
 
ဖြည့်ဆည်းပေးကြသူများကြောင့် မရွယ်သော်လည်း စော်ကဲမင်းဖြစ် ဆိုသလို သေးသေးအလှူကနေ
 
ကြီးကျယ်ခမ်းနားလွန်းတဲ့
 
ဒါနအလှူပွဲကြီးတစ်ခု ဖြစ်လာခဲ့လို့လည်း အတိုင်းမသိ ၀မ်းသာ ပီတိဖြစ်ရပါတယ် ။
 
ကောင်းကင်မိသားစုဝင်အားလုံးကလည်း ချစ်ပန်းခိုင်နဲ့ တူညီတဲ့
 
ပီတိတွေခံစားရမယ်လို့လည်း ယုံကြည်မိပါတယ် ။
 
ဒီလိုကြီးကျယ်ခမ်းနားပြီး အမြတ်ဆုံးဒါနဖြစ်တဲ့ ကထိန်အလှူပွဲကြီးတစ်ခုကို အောင်အောင်မြင်မြင်
 
စည်စည်ကားကားကျင်းပနိုင်တာဟာ မယုံချင်စရာကောင်းလောက်အောင် အိမ်မက်ဆန်နေပါတယ် ။
 
တကယ်လည်း အတိုင်းမသိ ပျော်ရွှင်မိပါတယ် ။ မော်ကွန်းတင်လောက်တဲ့ ကထိန်အလှူပွဲကြီးမှာ
 
နည်းမျိုးစုံနဲ့ အားတက်သရော ပါဝင်ကြတဲ့ ကောင်းကင်မိသားစုဝင်အားလုံးကို ကျေးဇူးအထူးတင်ရှိစွာကြောင်း
 
လေးစားစွာ ဂုဏ် ပြု ပြောကြားပါရစေရှင်။
ချစ်ပန်းခိုင်နောက်ထပ်ပြောချင်တာကတော့ ဒီအလှူပွဲကြီးမှာ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်လိုက်ရသူများလည်း
 
စိတ်မကောင်းမဖြစ်ကြပါနဲ့-
 
ကောင်းကင်ရဲ့ ဒါနလုပ်ငန်း ပရဟိတ ခရီးစဉ်များစွာကျန်ပါသေးတယ် ။ ဒီကထိန်အလှူပြီးတဲ့နောက်မှာ စာပေနဲ့
 
ပညာအလင်းတွေပေးမဲ့စာကြည့်တိုက်လုပ်ငန်းစဉ်တစ်ခုရှိပါတယ် ။
 
ဘယ်တော့ ရယ် လို့  ရက် သတ်မှတ်မထား ရသေးပါဘူး။ 
 
သိပ်မကြာခင် ကာလအတွင်းမှာပဲပြုလုပ် ဆောင်ရွက် ဖြစ်မယ် ထင်ပါတယ်ရှင်
စာကြည့်တိုက်တစ်တိုက်ကို တည်ထောင်ဖွင့်လှစ်ခြင်းဟာ အကျဉ်းထောင်တစ်ရာကို ပိတ်လိုက်ခြင်းနဲ့ တူပါတယ် ။
 
စာကြည့်တိုက်တစ်ခုဖွင့်လှစ်ခြင်းဟာ တက္ကသိုလ်တစ်ခုဖွင့်လှစ်ခြင်းနဲ့လည်း ညီမျှပါတယ် ။
 
““ အမှားအမှန် ၊ ဝေဖန်ပိုင်းခြား
  
သုတပွားကာ ၊ သစ္စာအမြင်
 
  ကြည်လင်စေရန်  ၊ စာပေအမြိုက်
 
ပညာသိုက်သို့ ၊ ညွှန်ပြဆိုက်ဆိုက်
 
စာကြည့်တိုက် ““
 
ဆိုတဲ့အတိုင်း ပညာရတနာသိုက်လို့ ခေါ်မဲ့ စာကြည့်တိုက်တစ်ခုဖွင့်လှစ်နိုင်ဖို့  အနာဂတ်ကောင်းကင်က
စီစဉ်နေပြီဖြစ်ပါတယ် ။
 
တစ်တိုင်ဆီမီး
 
ထိန်ထိန်ညီးက
ဆီမီးထောင်ရာ
လင်းရောင်ဖြာ၏ ။
ဆိုတဲ့ အတိုင်း စာပေဖတ်ရှုခွင့်မရလို့ ပညာအမှောင်ကျနေသူများအတွက် ကိုယ်တတ်နိုင်သလောက်
 
ပညာဆီမီးတစ်တိုင်လောက်ထွန်းညှိပေးလိုက်ရင်
 
ဒီအလင်းရောင်က မပျောက်သွားတဲ့အပြင် ဆီးမိးပေါင်း ရာထောင်မက ထွန်းလင်းလာမှာဖြစ်ပါတယ် ။ ဒါကြောင့်မို့
 
အနာဂတ်ကောင်းကင်စာကြည့်တိုက်အတွက်
 
ငွေကြေးအလှူ ၊ စာအုပ်စာတမ်းအလှူများကိုတတ်နိုင်သလောက်လှူဒါန်းပါဝင်နိုင်ကြပါကြောင်း -----
ထပ်မံလို့ ကြိုတင် နှိုးဆော် ပန်းကြားအပ်ပါတယ်...
 
ဒါကြောင့်  ယခု ပြီးခဲ့ တဲ့ အနာဂတ်ကောင်းကင် စုပေါင်း မဟာဘုံ ကထိန်ပွဲတော်ကြီးကို
တတ်တတ်ကြွကြွ ပါဝင် လှူဒါန်းခဲ့ ကြလို့ 
အနာဂတ်ကောင်းကင်မောင်နှမများ အားလုံးကို ကျေးဇူးတင်ပါတယ်..
 နောက် လဲ မိမိ တို့တတ်နိုင်တဲ့ ဘက် က ဖြည်းဆည်း ပေးကြပါနော်..
လူတိုင်းက သူ့ နေရာနဲ့ သူ ဟုတ်နေကြတာ ချည်းပါပဲ
 ဘာမှမဟုတ်တာတွေကလည်း တစ်ခုခုတော့ဟုတ်နေ ကြတာပါ ပဲဆိုတာလို ပေါ့
ဘာမှဟုတ်ကြတဲ့သူ   တို့ မောင်နှမ ဒီလူငယ်လေးတွေရဲ့   စုပေါင်းမှု ကြောင့်
အခု လို ဟုတ် တာတွေ လုပ်ဆောင် အောင်မြင် ခဲ့ ရတာ သာဓက ပါ။


ချစ်ပန်း အနေနဲ့တော့ဘ၀မှာ ဒီနေ့ အထိ  ပြုလုပ်ခဲ့ ဖူးတဲ့ ကောင်းမှု ကုသိုလ်တွေ ထဲက ..

အနာဂတ်ကောင်းကင်  ပထမအကြိမ် စုပေါင်းမဟာဘုံ ကထိန်ဟာ ..

ခံစားမှု မျိုးစုံ နဲ့ အတူ အမှတ်တရအဖြစ်ဆုံးပါပဲ

 အရမ်း လည်းဝမ်းသာကြည်နူးခဲ့ ပါတယ်

  အကြောင်းအမျိုးမျိုးအခက် အခဲ အမျိုးမျိုးတွေ ရှိခဲ့သော်ငြားလည်း

 စုပေါင်း ညီညာစွာ အောင်မြင် ပြီး စီးခဲ့ တဲ့အတွက်...

အားလုံးကို ကျေးဇူးတင်ပါတယ်

  အထူးသဖြင့် အလှူရှင်များ ၊ အနာဂတ်ကောင်းကင် ကထိန်အလှူကို

အကူအညီပေးကြသော အွန်လိုင်းမိသားစု မောင်နှမများ..ဆွေမျိုးများ ၊ အပေါင်းအသင်း  သူငယ်ချင်းများ.

 အဝေးရောက် နေသူ  ကောင်းကင်မောင်နှမများ နဲ့  အလှူမှာ ပါဝင်ခွင့် မရလိုက် နိုင်တဲ့ သူငယ်ချင်းတွေ ကိုလဲ

အထူးပဲ  မေတ္တာရပ်ခံပါတယ် ...စိတ်မကောင်းမဖြစ်ကြပါနဲ့နော်..နောက် ထပ် အလှူတွေမှာလဲ

အခုလို အင်တိုက် အားတိုက် ပါဝင် လှူဒါန်း  လုပ်ဆောင် ပေးကြပါဦးလို့ ပါ ..လေးစားစွာ.တောင်းဆို ပါတယ်။

Friends18.com Orkut Scraps


ဒီအလှူပွဲ လေးကို  အစ အဆုံး ပါဝင်ကူညီ ဦးစီး လုပ်ဆောင်ကြတဲ့ ဦးဒုန့်   
တကယ်ပင်ပန်းခဲ့ရတဲ့မောင်လေး ကဗျာလုလင်
 
ပဒေသာပင်ကို မိုးလင်းပေါက် ထိ  ဆင်ယင် လုပ်ဆောင်ကြတဲ့ ကိုဟိန်း  ..
စက် ကိစ္စ ဘာညာ တာဝန်ယူ ပေးတဲ့
မောင်လေး ကျော်ဇင်ဟိန်း.
  ကထိန်  အတွက်     ခရီးဝေးမှ  ရောက်ရှိလာတဲ့တက်တက် ကြွကြွတခဲနက်
ပါဝင် ကူညီပေးတဲ့
အစ်မရိုးရိုလေး ..ကောင်းကင်ရဲ့  အလှူတိုင်းကို
လုပ်ဖြစ်အောင်ဘေးကနေ  အားပေးတဲ့ အစ်မ ဂျင်ဂျာအေး
နောက် ပဒေသာပင် ပစ္စည်းဈေးဝယ်ဖို့အတွက် .ကျရာတာဝန် ကူညီ လုပ်ဆောင်ပေးတဲ့..
ညီမလေး မြဒါလီ တို့ ဟေမာန် လေး ၊ဂျယ်လီ ၊ ကိုကို၊ ကိုပေါ်ဦးသား၊မဖန်း ၊ဖိုးချစ်
 
ဝေယျာဝစ္စ ကိစ္စ  တွေ စီစဉ် ဆောင်ရွက် တဲ့  မလင်းသက် လရိပ်၊ ညီမလေးခင်ထား၊ ထိုက်ထိုက် 
 
မိုးညလေး  ရွှေ ရည်လေးတို့  နဲ့ 
တခြားတခြားသော ညီမလေး  မောင်လေးများ မိသားစုဝင် မောင်နှမများအားလုံးပေါ့လေ 
နာမည် တွေ အစုံ  ရေး မပြတော့ပါဘူး ...
ကထိန်အလှူမှာ  တစ်ထောင့် တနေ ရာက ပါဝင် လာကြတဲ့ မောင်နှမများအားလုံးကို
ကျေးဇူးအထူးတင် ရှိပါကြောင်း ထပ် လောင်း ပြောကြားပါရစေရှင် ...
ဟုတ်ကဲ့  ကထိန် အလှူ  အတွက်    အလှူရှင်တွ ဖိတ်ခေါ်ပေးခြင်း ၊
 
အနာဂတ် ရဲ့  လူငယ်လူရွယ်  အသစ် လေးများကို အဖွဲ့ ထဲ ပါဝင် လာအောင်ကူညီ ဖိတ်ကြားပေးခြင်း
 
လူကိုယ်တိုင် မရောက်လာနိုင်သော်ငြားလည်းအလှူကိစ္စ  အ၀၀ နှင့် ပိုစ် တင် ဖို့ကိစ္စ တွေကိုပါ   
 
တိုင်ပင် ဆွေးနွေး အသေးစိပ် ကူညီ ပြောပြပေးတဲ့
 
အစ်ကို ဒီရေလှိုင်း ဦးတိုက်ကို အထူး ကျေးဇူးတင် လေးစား ပါတယ်ရှင်
 ဒီအလှူ ပွဲလေး မှာ  လိုအပ် ချက် တစ်စုံတရာ များ ရှိခဲ့ရင်လည်း  ချစ်ပန်းခိုင်ရဲ့ 
စေ့ စပ်သေချာမှု လျော့နည်း အားနည်း သွားရခြင်း ကြောင့် သာ ဖြစ်ပါကြောင်း
တောင်းပန်ပြောကြားပါရစေ.။
 
  အနာဂတ်ကောင်းကင်   အစ်ကို အစ်မ  မောင်လေး ညီမလေးများ
ဘာသာတရားတွေ ရင့်ကျက်
သဒ္ဓါတရားတွေ မြင့်တက်လာတဲ့
 
ကောင်းကင်မိသားစုဝင်များရဲ့ တစ်ဆင့်အထက်ခြေလှမ်း
ကထိန်ဒါနပန်းခင်းလေးကို အားလုံးညီညာစွာ စိုက်ပျိုးနိုင်ကြလို့  အောင်မြင်စွာပြီးစီးခဲ့ ပြီး
 
ဝမ်းမြောက် ၀မ်းသာ သာဓု ခေါ်ဆိုကြရင်း
 
အနာဂတ်ကောင်းကင်မိသားစုဝင်အားလုံး ကြည်နူးပျော်ရွှင် ချမ်းမြေ့နိုင်ကြပါစေရှင်။
 



မေတ္တာဖြင့်..........ချစ်ပန်းခိုင်


မှတ်ချက်။  ။အနာဂတ် ကောင်းကင်  စုပေါင်းမဟာဘုံကထိန်အလှူ အတွက် အလှူရှင်များ၏
အလှူ ငွေများ၊ အလှူပစ္စည်းများနှင့် ငွေစာရင်း ရှင်းတမ်း  ကို နောက်ရက်မှာတင်ပြ ပေးဦးမှာ ဖြစ်ပါတယ်ရှင်။

1 comment:

  1. ဆိုဒ်တစ်ခုရဲ့ အောင်မြင်ခဲ့တဲ့ အလှူအတွက်

    ထပ်တူ ဝမ်းသာ ပီတိ ဖြစ်မိပါတယ် ။

    ဆက်လက်အောင်မြင်နိုင်ကြပါစေ ။

    ReplyDelete