Monday 17 December 2012

မွေးနေ့ အမှတ်တရ ......ကျေးဇူးတင်စွာဖြင့်

  '




ငွေသော်တာ စန္ဒော်ဆင်း
ပပ၀င်းဝင်း လှလှလင်းတဲ့ လတစ်စင်း
ကောင်းကင်တွင်း  ဝေယံထက်မှာ
အလင်းအိမ်တွေ ဖြန့်ကျက်
အဆင်း သိန်သရေတို့ ဆန့်ထွက်
ကောင်းကင်အတွက် ပေးဆပ်သူ
ဖြူဖြူစင် စိတ်မနောက
အလှသဘော ပြိုင်စံမတူ   -------



သရ၀ဏ် ကြယ်စင်မင်းလို့
သူထင်လင်း ရောင်စဉ်လှ
ကောင်းကင်ကို လမ်းပြကူ
တိမ်ညိုတွေဘယ်လိုဖုံးထူလည်း
မမုန်းကာ သူအပြုံးပြ
နှလုံးလှတဲ့ ကောင်းကင်သူ-------


ပိုးရန်တွေ ဘယ်လိုကျကျ
မိုးဒါဏ်တွေ ဘယ်လိုရှရှ
သူ့ဘ၀ သူ့ဓမ္မ သူ့အလှ သူ့ဒဿနလေးနဲ့
ဘယ်တော့မှ အရှုံးမပေး
ဘာဖြစ်ဖြစ် ပြုံးနေပါ သည်အတွေး
အေးအေးဆေးဆေး
နွေးနွေးထွေးထွေး
သူ့နှလုံးသွေး စွေးစွေးနီ
ပင်မြင့်ထက်မှာ အဆင်းကြည်ကြည်
နှင်းဆီနီတစ်ပွင့်ပန်းလို့လန်းစွင့်လို့မြူး
ဖြူစင်မှုတွေ ယှက်ကူး သူ့မေတ္တာဆူးတွေက

ညစ်စရာအကြံကို ကာကွယ်ထား

ရန်များကို တားခဲ့ပိုင်ပိုင်

ရည်ရွယ်ရာ သူ့ပန်းတိုင်ကို

ထာဝစဉ်သူမနွမ်းပဲ

ဆက်လှမ်းကာစခန်း

သူလှမ်းလို့ အားအင်ကောင်းစွာနဲ့

ပေါင်းယှဉ်ကွယ် မလင့်လှမ်းနိုင် -----


ငွေနှင်းစက် တို့ဖျန်းပက်
မြောက်ဖက်က လေပြန်တို့ သော့သော့မြူး
သည်ဟေမာန်အကူးမှာလ
ကြော့ကြော့ဖူးတဲ့ သဇင်ဖြူတစ်ခက်ပန်းပမာ
ကောင်းကင်ယံအထက်နန်းမှာ လန်းလန်းဆန်း
တင့်တယ်တယ်
ချစ်စဖွယ် ကြည်မြဆင်းနဲ့ ဒီဘ၀မှာ ညီမရင်းလို
ပီသခြင်း စိတ်ဓာတ် မြတ်မြင့်ခြင်းသာ သူကပြိုင်

ကောင်းကင်ကြယ် ချစ်ပန်းခိုင်



ချစ်ပန်းခိုင် ညီမအလန်းရေ

အသစ်လှမ်းပြိုင် ဒီဘ၀လမ်းမှာ

ပရဟိတ အလှပန်းတွေအသစ်နဲ့

အရအမိလှမ်းမဲ့အဖြစ် အားလုံးကမျှော်တလင့်လင့်ပေါ့

ချစ်ပန်းခိုင်ညီမလေးရေ

သင်မွေးနေ့ သည်တစ်ရက်မှ

ကြည်တစ်သက် ဘ၀ဆုံးတိုင်

ဓမ္မနှလုံးသားအသိလှလှနဲ့

အတိအကျ မွေ့လျော်

ပျော်နေပါစေ -------

လိုနေသေးတဲ့နေရာမှာ

သံစဉ်ချိုချို တွေသီဆို

လောကကို အလှပိုစေနော့

ရင်ဘတ်နဲ့ ပျိုးတဲ့ သင့်အလင်းအိမ်မှာ

အစဉ်ထပ်ဖွဲ့တိုးတဲ့ အဆင်းသိန်သရေနဲ့

ထိန်နေအောင် ထွန်းလင်း

ကောင်းကင်ကြယ်တစ်စင်းအဖြစ်

ထာဝရ  တူတကွရှိစေနော့ လို့

ကာရန်တွေခန်း ကဗျာဥာဏ်တွေမလန်းတဲ့ကြားက

ဒီစာပန်းလေးတစ်ပုဒ်နဲ့ ခင်မင်ခြင်းတွေ ထုတ်ဖွဲ့ခဲ့တယ် ။



ညီမရင်းပမာခင်မင်ရသော ကောင်းကင်သူ ချစ်ပန်းခိုင်၏(17-12-2012)ရက်နေ့တွင် ကျရောက်သော မွေးနေ့အတွက်

အမှတ်တရ


မှတ်ချက်။   ။ဒီကဗျာလေးကို   ..ကဗျာဆရာ  အစ်ကို ဒီရေလှိုင်း (Ever tide ) မှ အမှတ်တရ  ရေးဖွဲ့ ပေးခြင်းဖြစ်ပါသည်။








2 comments:

  1. ကောင်းလိုက်တဲ့မွေးနေ့ ဆုတောင်းကဗျာလေးပါ...
    ကဗျာရေးအရမ်းတော်တယ်..တကယ်ပြောတာ....ဆက်လက်ပြီးကဗျာတွေရေးသားပါနော်
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  2. အဲ ညီမ ရေးတာမဟုတ်ဘူး ... အစ်ကို ဒီရေးလှိုင်း (Ever tide ) ရေးတာ ..
    အမှတ်တရ မို့  တင်ထားတာပါ .....။

    ReplyDelete