Friday 30 November 2012
အနာဂတ်ကောင်းကင် ပထမ အကြိမ်စုပေါင်းမဟာဘုံကထိန် ကြည်နူးပုံရိပ်များ အပိုင်း(2)
မင်္ဂလာပါ အနာဂတ်ကာင်းကင်အဖွဲ့ သားတို့ ရေ
အနာဂတ်ကောင်းကင် ရဲ့   (ပထမ) အကြိမ် စုပေါင်းမဟာဘုံကထိန်ပွဲကြီးကို
28.11.12 တန်ဆောင်မုန်းလပြည့်နေ့ လေးမှာ ကျင်းပခဲ့ ကြပါတယ်
ရန်ကုန်မှာ ရှိနေတဲ့  မိသားစုဝင်တွေရဲ့ ဘုံကထိန်ပွဲလေးမှာ
ကြိုးစားပမ်းစား လှုတ်ရှားတက်ကြွနေတဲ့ ပုံရိပ်လေးတွေကို
အဝေးရောက် ကောင်းကင်သား / သူ တို့ 
မျှဝေ ခံစားနိုင်စေဖို့ 
ပုံလေးတွေ တင်ပေးလိုက်ပါတယ်
ပြု ပြု သမျှသော ကုသိုလ်ကောင်းမှုတို့ အား
သာဓု ခေါ်ဆိုရင်း
ထပ်တူထပ်မျှ ရကြပါစေ............
ဒါကတော့ ချစ်ပန်းခိုင် အိမ်မှာ   ဘုန်းကြီးကျောင်းမသွားခင်  မုန့် စား ကော်ဖီသောက်နေကြတာပါ
သူတို့ တွေလဲ အပျော်ကြီး ပျော်နေကြပါတယ် .....
Thursday 29 November 2012
အနာဂတ်ကောင်းကင်မိသားစု စုပေါင်းမဟာဘုံကထိန် ဓာတ်ပုံမှတ်တမ်း (၁)
အနာဂတ်ကောင်းကင် အွန်လိုင်းမိသားစု ရဲ့ စုပေါင်းမဟာဘုံကထိန်ကို အနာဂတ်ကောင်းကင်မောင်နှမတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ (၂၈ - ၁၁ - ၂၀၁၂) နေ့က သန်လျင်မြို့နယ် ဆုတောင်းပြည့် ဘုန်းကြီးကျောင်း (တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အနာဂတ်မောင်နှမတွေရဲ့ စည်းလုံးမှုနဲ့  ငွေသားချည်း ပဒေသာပင်က ၂ ခု၊ ပစ္စည်း ပဒေသာပင်က ၃ ခု၊ ပဒေသာပင် စုစုပေါင်း ၅ ပင် ကို လှူဒါန်းနိုင်ခဲ့ပါတယ်။ အနာဂတ်ကောင်းကင်ရဲ့ စုပေါင်းမဟာဘုံကထိန်ကို မလိုက်ပါနိုင်တဲ့ မောင်နှမတွေအတွက် သာဓုခေါ်ဆိုနိုင်အောင် ဓာတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။
ဒါက ဒုန့်ရဲ့ ကိုယ်တိုင်လုပ် ဆိုင်းဘုတ်ပါ။ (၂၈-၁၁-၂၀၁၂)နေ့ ဘုံကထိန်အတွက် (၂၇-၁၁-၂၀၁၂) ညမှာ ခုလို ပြင်ဆင်ခဲ့ကြပါတယ်။
ရွှေရည် နဲ့ ထိုက်ထိုက်တို့ကလည်း လုပ်အားပေး ပါဝင်ကြပါတယ်။
ပေါ်ဦးသားနဲ့ ညကလေးနှင်းဆီ ချစ်ပန်းခိုင်ညီမလေး တို့ကလည်း 
ခုလို ပါဝင်ကြသေးတယ်။။။။။
Tuesday 6 November 2012
ဘုံကထိန် ပွဲတော် အတူနွှဲပျော် ...လှူဒါန်းကြစို့ နော်....
အနာဂတ်ကောင်းကင်မိသားစုဝင်အားလုံး
ကိုယ်လည်းကျန်းမာ စိတ်လည်းရွှင်လန်း ဘ၀ကောင်းကင်ထက်မှာ ကြည်နူးစွာပျံသန်းနိုင်စေကြောင်း
ပဏာမထားလို့  ဂါရ၀တရားနဲ့ဆုမွန်စကားခြွေလိုက်ပါတယ် ။
Friends18.com Orkut Scraps
ဟုတ်ကဲ့ ပါရှင် ......
အခုဆိုရင်  ချစ်ပန်းတို့ အနာဂတ်ကောင်းကင်မိသားစုလေး ရဲ့  ပရဟိတ  လုပ်ဆောင်မှုလေးတွေကို 
စဉ်တိုက် ဆက်တိုက် ဆိုသလို ကောင်းကင်မိသားစုဝင်တို့ရဲ့ စည်လုံးညီညွတ်မှုတို့ နဲ့အတူ.. ပရဟိတ 
အလှူ၊ တံတားအလှူ၊ ရေအလှူ၊  သွေးအလှူ  အစရှိသဖြင့် ပြုလုပ်ဆောင်ရွက်လာကြတာဖြင့် 
(၈) ကြိမ် တိုင်တိုင် ပြုလုပ်ခဲ့ ပြီး ဖြစ်ပါတယ်ရှင် ..
အခုလဲ  ....ချစ်ပန်းတို့ အနာဂတ် ကောင်းကင် မောင်နှမတတွေ .တစ်လတစ်ခါ တွေ့ဆုံဖြစ်ကြတာမှာ
4.11.2012 ရက်နေ့က ရန်ကုန် မှာ ရှိတဲ့အနာဂတ် ကောင်းကင် မောင်နှမ 
10ယောက်  တွေ့ဆုံဖြစ်ကြတာမှာ
လာမယ့်တန်ဆောင်မုန်း လအတွက်...တောရွာ ၊မြို့နယ်၊ရပ်ကွက်၊လမ်း၊ ဈေး   အစရှိသည်တိုင်းတို့ မှာ
စုပေါင်းမဟာ ဘုံကထိန် ဆိုတဲ့ ပွဲ တော်ကြီးကိုကျင်းပ သကဲ့ သို့ မိမိတို့   အနာဂတ် ကောင်းကင် 
အွန်လိုင်းမိသားစုအနေနဲ့လဲ ပဒေသာပင် တစ်ခုလောက် သီးပြီးစုပေါင်းမဟာဘုံကထိန် အဖြစ်
ပြုလုပ်နိုင်ကြရင်  ကောင်းမှာပဲလို့ စိတ်ကူးရကြတာနဲ့ အားလုံးစိတ်သဘောထားတူညီစွာ
ဆိုဒ် ခေါင်းဆောင် ကိုကြီးနှင့် မောင်နှမ များကို  အသိပေးဆွေးနွေးတိုင်ပင်လို့ ရယ်..
တစ်ယောက်က ထီးလှူရင် တစ်ယောက်က ယပ်တောင်၊ ဖိနပ်၊တဘက်၊ သပိတ် ၊ သင်္ကန်း အစရှိသဖြင့်
အားလုံးစုပေါင်းလိုက်ရင် ပဒေသာပင် အနည်ဆုံး တစ်ခု လှလှပပ ပြုလုပ်နိုင်လိမ့်မယ်ယုံကြည်မိတာကြောင့်
အဲဒီတွေ့ဆုံပွဲလေးကနေ ဒုန့် ၊ဆရာဘွတ်၊  ၊အမေ့သားနေလင်းဖြိုး၊ ကဗျာလုလင် 
၊ဇော်မင်းအောင်၊ပေါ်ဦးသား ဂျယ်လီ ၊ကိုကို ၊မလင်းသက်  ၊ချစ်ပန်းခိုင်  
အစရှိတဲ့ ကောင်းကင်မောင်နှမများကကောင်းကင်ထဲမှာရှိကြတဲ့ မိသားစုဝင်အားလုံးရဲ့ ဖြူစင်တဲ့ စေတနာ 
၊ ထက်သန်တဲ့သဒ္ဓါတရားတွေကိုယုံကြည်စွာနဲ့ ကောင်းကင်ရဲ့ ပရဟိတဒါန ပန်းခင်းလေးတစ်ခုအနေနဲ့ 
ဘုံကထိန် ဆိုတဲ့  ပဒေသာပင်ကြီးကို ထပ်မံစိုက်ပျိုးဖို့ ညီညွတ်စွာနဲ့ ဆုံးဖြတ်ခဲ့ကြပါတယ် ။
ရေကြီးတဲ့နေရာမှာ မိုးမရွာချင် ၊
ရွှေတ၀င်းဝင်းမှာ ရွှေထပ်မချချင်