Thursday 29 November 2012

အနာဂတ်ကောင်းကင်မိသားစု စုပေါင်းမဟာဘုံကထိန် ဓာတ်ပုံမှတ်တမ်း (၁)



အနာဂတ်ကောင်းကင် အွန်လိုင်းမိသားစု ရဲ့ စုပေါင်းမဟာဘုံကထိန်ကို အနာဂတ်ကောင်းကင်မောင်နှမတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ (၂၈ - ၁၁ - ၂၀၁၂) နေ့က သန်လျင်မြို့နယ် ဆုတောင်းပြည့် ဘုန်းကြီးကျောင်း (တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အနာဂတ်မောင်နှမတွေရဲ့ စည်းလုံးမှုနဲ့  ငွေသားချည်း ပဒေသာပင်က ၂ ခု၊ ပစ္စည်း ပဒေသာပင်က ၃ ခု၊ ပဒေသာပင် စုစုပေါင်း ၅ ပင် ကို လှူဒါန်းနိုင်ခဲ့ပါတယ်။ အနာဂတ်ကောင်းကင်ရဲ့ စုပေါင်းမဟာဘုံကထိန်ကို မလိုက်ပါနိုင်တဲ့ မောင်နှမတွေအတွက် သာဓုခေါ်ဆိုနိုင်အောင် ဓာတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။
ဒါက ဒုန့်ရဲ့ ကိုယ်တိုင်လုပ် ဆိုင်းဘုတ်ပါ။ (၂၈-၁၁-၂၀၁၂)နေ့ ဘုံကထိန်အတွက် (၂၇-၁၁-၂၀၁၂) ညမှာ ခုလို ပြင်ဆင်ခဲ့ကြပါတယ်။
 
 
ရွှေရည် နဲ့ ထိုက်ထိုက်တို့ကလည်း လုပ်အားပေး ပါဝင်ကြပါတယ်။
ပေါ်ဦးသားနဲ့ ညကလေးနှင်းဆီ ချစ်ပန်းခိုင်ညီမလေး တို့ကလည်း 
ခုလို ပါဝင်ကြသေးတယ်။။။။။




  


ခင်ထားဝေနဲ့ လရိပ်တို့ကလည်း အခုလို.................

 

ပစ္စည်းပဒေသာပင်တွေ သီပြီးလို့ ခဏနားနေချိန်မှာ ချစ်ပန်းခိုင်တည်ခင်းတဲ့
 ညစာကို အခုလို သုံးဆောင်ခဲ့ကြပါတယ်။


မန်း စားလို့ ပြီးပြန်တော့ အခုလို ဆက်ကြပြန်ပါတယ်...


အခု ပဒေသာပင်ကို လုပ်နေတဲ့အချိန်က မနက် ၅ နာရီထိုးနေပါပြီ။


ဒါကတော့ (၂၈-၁၁-၂၀၁၂) ရဲ့ မနက် ပြင်ဆင်မှုမှာ ဂနေးနဲ့ ကိုယ်ရံတော်တို့ပါ။။။







 


ဒါကတော့ ဆရာဘွတ်ရဲ့ ဘုံကထိန် စတိုင်.........

ဒါကတော့ လင်းခနဲ့ ဒုန့်
အဲလိုလေးပြီးတော့ သူတို့ သူတို့လေးတွေက ဒီလို ဒီလိုလေးးးးးးးးးးးးးးး

  

ကောင်မလေး၊ မမဂျင်ဂျာအေး၊ အစွယ်တို့ကလည်း အလှူကို တစ်တပ်တစ်အားပါဝင်ခဲ့ကြတယ်။။
 

ဒါကတော့ ချစ်ပန်းခိုင်နဲ့ ဂျယ်လီ........
 
ခင်ထားဝေရဲ့ စတိုင်...
 

ဒါကတော့ ဘုံကထိန်စတင်လှည့်ဖို့အတွက် အဆင်သင့်လေးပေါ့....

  
ချစ်ပန်းခိုင်တို့ လမ်းကနေ စတင်ထွက်ခွာလာပါပြီ..။ 
စတင်ထွက်လာတဲ့ အချိန်မှာ ချစ်ပန်းခိုင်တို့ လမ်းထဲက တာဝန်ရှိသူတွေရဲ့ 
အကူအညီကြောင့် ဓာတ်ကြိုးတွေကို မထိခိုက်ပဲ အောင်မြင်စွာ ထွက်လာနိုင်ခဲ့ပါတယ်။။။
  
  
ဒါကတော့ ချစ်ပန်းခိုင်တို့ လမ်းထဲကနေ မြန်မာ့ဂုဏ်ရည်လမ်းမကို ထွက်လာတဲ့ မြင်ကွင်းလေးပါ။။။ ကားရှုပ်ရှုပ် လူရှုပ်ရှုပ်မှာ အနာဂတ်က မောင်နှမတွေ မြန်မာ့ဂုဏ်ရည်လမ်းတစ်လျှောက် 
အလှူခံလာခဲ့တာ အလှူငွေ နှစ်သောင်း ရရှိခဲ့ပါတယ်။

ကျန်တဲ့ ဓာတ်ပုံတွေနဲ့ ဘုန်းကြီးကျောင်းက အလှူ ဓာတ်ပုံတွေကို ချစ်ပန်းခိုင်ကနေ နောက်ဆက်တွဲ ဆက်လက်တင်ပေးပါလိမ့်မယ်နော်။။ စောင့်မျှော် အားပေး သာဓုခေါ်ကြပါစို့နော်...
အနာဂတ်ကောင်းကင်မောင်နှမတွေရဲ့ စုပေါင်းမဟာဘုံကထိန် အလှူမှတ်တမ်း ဓာတ်ပုံတွေ ကြည့်ပြီး ပီတိတွေ တလှိုင်လှိုင်နဲ့ သာဓု ခေါ်ဆိုနိုင်ကြပါစေ...။

ချစ်ခြင်းအားဖြင့်
☺☻☺ ရိုးရိုးလေး ☺☻☺

3 comments:

  1.ီပီတိနဲ့ သာဓုခေါ်ခဲ့ပါတယ်။။။ နောက်နှစ်နောက်နှစ်တွေမှာ ထပ်မံ ဆင်နွှဲနိုင်ပါစေ...

    ReplyDelete
  2. လူငယ်တွေဖြစ်ပေမယ့် ပရဟိတကို ဦးဆောင် ဦးရွက်ပြုပြီး

    အခုလို စည်ကားသိုက်မြိုက်စွာ လှူဒါန်းနေတာကို မြင်ရလို့

    ဝမ်းသာ ပီတိနဲ့ သာဓုခေါ်မိပါတယ် ။

    ညီမလေးတို့ အနာဂတ်ကောင်းကင်

    သံသရာဆုံးတိုင် တည်တံ့အောင်မြင်နိုင်ပါစေ ။

    ReplyDelete
  3. မလာနှိုင်လိုက်ပေမဲ့ ဝမ်းသာ ပီတိနဲ့ သာဓုခေါ်ခဲ့ပါတယ်ဗျာ

    ReplyDelete