Friday 30 November 2012
အနာဂတ်ကောင်းကင် ပထမ အကြိမ်စုပေါင်းမဟာဘုံကထိန် ကြည်နူးပုံရိပ်များ အပိုင်း(2)
မင်္ဂလာပါ အနာဂတ်ကာင်းကင်အဖွဲ့ သားတို့ ရေ
အနာဂတ်ကောင်းကင် ရဲ့   (ပထမ) အကြိမ် စုပေါင်းမဟာဘုံကထိန်ပွဲကြီးကို
28.11.12 တန်ဆောင်မုန်းလပြည့်နေ့ လေးမှာ ကျင်းပခဲ့ ကြပါတယ်
ရန်ကုန်မှာ ရှိနေတဲ့  မိသားစုဝင်တွေရဲ့ ဘုံကထိန်ပွဲလေးမှာ
ကြိုးစားပမ်းစား လှုတ်ရှားတက်ကြွနေတဲ့ ပုံရိပ်လေးတွေကို
အဝေးရောက် ကောင်းကင်သား / သူ တို့ 
မျှဝေ ခံစားနိုင်စေဖို့ 
ပုံလေးတွေ တင်ပေးလိုက်ပါတယ်
ပြု ပြု သမျှသော ကုသိုလ်ကောင်းမှုတို့ အား
သာဓု ခေါ်ဆိုရင်း
ထပ်တူထပ်မျှ ရကြပါစေ............
ဒါကတော့ ချစ်ပန်းခိုင် အိမ်မှာ   ဘုန်းကြီးကျောင်းမသွားခင်  မုန့် စား ကော်ဖီသောက်နေကြတာပါ
သူတို့ တွေလဲ အပျော်ကြီး ပျော်နေကြပါတယ် .....
ကောင်မလေး  မမဂျင်ဂျာနဲ့  အစွယ် တို့ ကလဲ  ဒီ လို လေး လေ
ဟေးးးးးးးးးးးးးးးးးး တို့ လဲ ပါမယ်.....တဲ့ လေ ချစ်ခိုင်က
ကိုဒုန့်  ဘာကြည့်နေတုန်းးးး
 အရမ်းပျော် ပြီး  ကြည်နူးဝမ်းသာ ပျော်ရွှင်နေကြတာများ  မျက်နှာလေးတွေ  ဖွေးဥနေတာပဲနော်.ခိ
 ဘုရားဒကာ  ကိုပေါ်ဦးသားရဲ့ စတိုင် ...
ကောင်းကင်  ကြယ်စင် ဖြူလေးများ
မလေးလေး  အစွယ် နဲ့ ဗိုလ်ကြီး တို့ လမ်းလျှောက်လာကြပုံ
သန်လျင်ဘုန်းကြီး ကျောင်း သို့ သွားရာ မြန်မာ့ဂုဏ် ရည်  လမ်းပေါ်မှာ
ကိုဒုန့် တစ်ယောက်တော့ မနိုင်ဘူး ထိန်းထားရတယ် ဟီးးး
ကိုယ်ရံတော် တစ်ယောက်  ပိုက်ဆံ တွေ လွင့်မသွားအောင် ပြန်ချည် နေလေ ရဲ့ 
ငွေ ပဒေသာပင်ကြားမှ ...ဂျယ်လီ လေးရဲ့  သဘာဝ ကျကျ အလှ
လူတကာငေးတဲ့  အနာဂတ်ကထိန်လေ :)
 ဒီနေရာကတော့ ပုဇွန်တောင်ကို သွားတဲ့  လမ်းဘက်  မြရာကုန်းဘက်မှာပေါ့
ချစ်ခိုင်ကတော့ လက် နှစ်ချောင်းအမှီလေးထောင်လိုက်သေး
ပူလိုက်တာ ဗိုက်လဲဆာနေပြီ မို့  မချိဖြဲလေးတွေနဲ့  :)
အပျော်တွေကြားက  သူတို့ လေး တွေက  ဘာကို လွမ်းပြီး သတိရ နေသည်မသိ...ဟိဟိ
သနားစရာလေးတွေ နော်...ဗိုက်ဆာ နေကြတယ် ထင်တယ်...
  ချစ်ပန်း တစ်ယောက် အပျော် လွန်ပြီး  ကာပေါ်က ခုန်ချမလို့ တဲ့
သူတို့ က  မနည်းတားးးထားလို က်ရတယ်လေ
 ဟော ရောက်ပါပြီ   ဘုန်းကြီးကျောင်း   ပဒေသာပင်များစီတန်း ချထားလိုက်ကြပါတယ်
ရောက် ၇ှိချိန်မှာတော့ ဆရာတော်များ ဆွမ်းဘုန်းပေးနေကြပါပြီ
ဆရာတော်တွေ ပြီးတာနဲ့  အနာဂတ်မောင်နှမတွေနဲ့  မျိုးဆက်သစ်လူငယ်တွေကလဲ တ၀ုန်းဝုန်း အားရပါးရဆွဲလိုက်ကြတာ ထမင်းလိုက်ထဲ့ ပေးတဲ့ ကလေးတွေတောင် လက်မလည်ဘူးလေ ခိခိ
ထမင်းစားလို့  အပြီးမှတော့  တရားနာ ရေစက် ချရန်  နေရာ ယူနေကြပါပြီ
ဆုတောင်းပြည့် ဘုန်းကြီးကျောင်းဆရာတော်မှ   ကထိန် အလှူရေစက် ချ တရား ဟောကြားချီးမြင့် ပေးပါတယ်
လိမ္မာ လိုက်ကြတာ  တို့ကောင်းကင် သူ ကောင်းကင်သားတွေ
ရေစက်ချတရားနာလဲ ပြီးရော ဟောသည်လိုလေးတွေ ကြဲလိုက်တာ ကလေးတွေနဲ့ ကိုရင်လေးတွေ ပျော်လို့  အလုအယက်ပဲ..
အက်မြင်ကွင်းလေးက ကြည်နူးရသလို..မျက်ရည်လည် ခဲ့ ရတယ်....
အဲဒီက အပြန်မှာတော့ ...  ရေလည် ကျောက် တန်း ဘုရား သွားရောက် ဖူးမျှော် ခဲ့ပါတယ် ရှင်
ကျောက် တန်းဘုရားဖူးပြီးမှာတော့ ကျိုက်ခေါက်ဘုရားမှာ နာရီဝက်လောက် နားရင်းအပမ်းဖြေခဲ့ ကြပါသေးတယ်.
ပြီးနောက်မှာတော့
ငှားထားတဲ့ ဘီအမ်ကားနဲ့   အိမ် အပြန်လမ်းလေးမှာ ကြည်နူးပီတိတွေ ရင်မှာပိုက်ပြီး
နောက်တစ်ကြိမ်သော အလှူအတွက် အားကြိုးမာန်တက် ခြေလှမ်းတွေနဲ့ ............
ကျန်ရှိနေသောပုံလေးတွေကိုလဲ ထပ်ပြီးတင်ပေးပါဦးမယ်နော်
 ကျွန်ုပ်တို့ အားလုံးသည်မိသားစုဝင်များ ဖြစ်ကြသည်
ခင်မင်လေးစားစွာဖြင့်
♫♥ အမုန်းမြို့ သူ ♥♫
1 comment:
  1. ဒုန့်မာမီကတော့ဖြစ်နှိုင်တယ်..ဟိဟိ
    အားလုံးသောမောင်နှမတွေအတွက်သာဓုခေါ်ခဲ့ပါတယ်ဗျာ
    ခင်မင်လေးစားစွာဖြင့်နေလင်းဖြိုး
    ReplyDelete