Wednesday 31 October 2012

သီတင်းကျွတ်လ၏ ပျော်ရွှင်ကြည်နူးစရာ အမှတ်တရ




သီတင်းကျွတ်လ၏သဘာဝ

 သန်တူလ ဟုလည်း ရှေး ကခေါ်ဝေါ်ကြသော

ဤ သီတင်းကျွတ်လ၌ လပြည့်ကျော် တစ်ရက်နေ့ တွင်

သံဃာ တော်များ ၀ါဆို သည့် အချိန်ကာလကုန်ဆုံးကြ၍ ၀ါကျွတ်ပြီ ဖြစ်သဖြင့်

ဝါဆို ကင်းလွတ် သီတင်းကျွတ် ဟူ၍ တစ်သွယ်၊

သံဃာတော်များ အချင်းချင်း အပြစ်မြင်က

ပြုပြင်ပေးရန် ဖိတ်မန္တက ပြုကြသည့်ပ၀ါရဏာ ပွဲ ပြု မြဲ ဖြစ်ကြသဖြင့်

မြတ်သံဃာလဲ၊ ဖိတ်ကြားမြဲ၊ ခြိမ့်သဲ ပ၀ါရဏာ ဟူ၍ တစ်ဖုံ၊

ကထိန်သင်္ကန်းလှူဒါန်းပွဲများ ခြိမ့်ခြိမ့်သဲမျှ ကျင်းပ ကြသဖြင့်

"လှူကထိန် သင်္ကန်းနှင့် မဂ်လမ်းတဲ့ ဆုပန်ရွယ်"ဟူ၍ တစ်ဖြာ

ရှေးသူဟောင်းတို့ စကား မှတ်သားခဲ့ ကြရပါသည်။

ဤ လ ၌ ဆရာတော် သံဃာ တော်များ ဘိုးဘွားမိဘ ဆရာသမားများ အသက်သိက္ခာဂုဏ်ဝါ ကြီးသူများကို

ပူဇော်ကန်တော့ ပွဲများကျင်းပ ကြသဖြင့်

"စကြာမန္ဓာတ်၊ စဉ်မှတ်ဆက်မြဲ၊ ကန်တော့ပွဲ " ဟူ၍ တစ်မျိုး

တစ်ဝါတွင်းလုံး ဘုရားစေတီရှေ့ရှိသင်ပုတ်ပလ္လင် ဆွမ်းတော်ကြီး တင်ခဲ့ကြရာ
ဤ လတွင် ဆွမ်းတော်ကြီးတင်ပွဲ အပြီးသတ်၍ သင်ပုတ်ပလ္လင်ကို ဆေးကြောကြသဖြင့်
" သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး" ဟူ၍ တစ်နည်း

ရှေးလူကြီးသူမ တို့  စကားကို မှတ်သားခဲ့ကြရပါသည်။
ကြာမျိုးစုံညီ အဿဝဏီနှင့် ယှဉ်မှီသော်တာ  ကျီးတာရာတို့  ယှဉ်လာတူကွ ထွန်းတောက်ပသဖြင့်

" အဿဝဏီ၊ ရောင်လျှံခြည်၍၊ ပြည့်ညီထွန်းဝါ၊ ဂြိုလ်စန္ဒာနှင့်၊ တူသာတကွ၊ ကာကတာရာ၊
နေ့မှာစိတြ၊ နေ့နှင့်မျှ၍ ဟု တစ်လီ၊

"တူရာသီဝယ်၊ အဿဝဏီကြယ်မြတ်၊ ကျီးမင်းသိရ်လဲ၊ ရောင်ရှိန်လျှပ်လို့၊ သုဒသ်ကယ်နန်းလို၊
မီးမြင်းမိုရ်နှင့်၊ ၀ါဆိုကင်းလွတ်၊ သီတင်းကျွတ်မို့၊ ဘုံထွတ်ကယ် ဥကင်၊
ပွင်စံပယ်ရွှင်သောခါ၊ တိုင်းခွင်ကြီး အောင်ချာမှာ၊ ဆီမီးဝါ ထိန်ထိန်လင်းလို့ လင်းလှတယ်လေး" ဟူ၍တစ်ထွေ 

စာပေ မှတ်တမ်းပြုခဲ့ကြပါသည်။

သုံးလူ့ထွတ်ချာ စောမြတ်စွာလည်း

ခုနစ်ဝါကျ ၀တိံကြွ၍ ကြီးလှကျေးဇူး အထူးတင်ရှိ မွေးမယ်မိအားအမှူးထား၍
တရားဘိဓမ္မာ ဟောပြီးခါလျှင် ပုဏ္ဏာတိထိ ကျွတ်လပြည့်၌ မြတ်သည့်ဌာန

သင်္ကဿသို့ ဆင်းကြွလတ်သော် ရှိကော်ရော်၍
ပူဇော်မီးပွဲ ခြိမ့်ခြိမ့်သဲမျှ သောင်းသဲအုတ်အော် ပြည်လုံးပျော်လျက် ရည်ရော်မဂ်ဖိုလ် မြတ်ကုသိုလ် ကို

ဆင်နွှဲ ခဲ့ကြပါသည်။

**************************************



ဒီနေ့ ... သီတင်းကျွတ်လပြည့်နေ့............

ချစ်ပန်းခိုင်တစ်ယောက် ....

နံနက်  5 နာရီ အချိန်မှာ ရပ်ကွက် လမ်းထိပ် ဓမ္မာရုံမှာ 

ပန်း၊ ရေချမ်း ၊ဆီမီး ဆွမ်း၊ သစ်သီးခဲဘွယ်  ဘောဇဉ် ချို ချဉ် အရသာ တို့ ဖြင့်

ဆွမ်းတော်ကြီး တင် ကပ်လှူပူဇော်ပွဲမှာကို သွားရောက်ခါ

ဝတ်ရွတ် အသင်းအဖွဲ့ တို့နဲ့ အတူ..သုံးလောကထွဋ်ထားသဗ္ဗေညုရှင်တော်

  မြတ်စွာဘုရားရှင်းအားဓမ္မ ပူဇာဖြင့်

ပူဇော်ကန်တော့ ခဲ့ကြပါတယ်
christmas dividers
 christmas dividers

ဒါကတော့  အိမ် ကဘုရားလေ ..အရမ်းသပ္ပာယ်တာ .....


christmas dividers

ပန်း၊ရေချမ်း သစ်သီး

လျှပ်စစ်မီးနှင့် 

မီးအသွယ်သွယ်

ရောင် လျှံချယ်၍ 

ရင်ဝယ်သိမ့်သိမ့်

ပီတိ စိတ်မျှ

ချမ်းငြိမ့် ကြည်သာ

စေတနာဖြင့်

ခေမာမြို့ နန်း

ရောက်ဖို့ မှန်း

Wednesday 24 October 2012

နှင်းဆီမလေး ချစ်ပုံပြင်(သို့) ပန်းတို့ရဲ့စိတ်ထား



ကြည်လင်သာယာတဲ့ ..မနက်ခင်းရဲ့နေခြည်နွေးနွေးအောက်မှာ..
အေးမြတဲ့ လေနုအေးလေးက..
နှာသီးဝဆီကို လာရောက် ကြည်စယ်နေတော့သည်…...................


…ဟားးးးးးးးးးးးးးးးးးး….လတ်ဆတ်လိုက်တာ..
စိတ်ကိုကြည်နူး လန်းဆန်းစေတဲ့ လေးညှင်းလေးနဲ့ အတူပါလာတဲ့ရနံ့လေး.....
ဒီအနံ့ ကို..နေ့ စဉ်နဲ့အမျှ ရှူ ရှိုက်ပြီး တစ်နေ့ တာလုပ်ငန်းကို..ကြည်လင်စွာ အစပြုနေကျမို့ …
…ရနံ့ လေးကိုအလွတ်ရနေမိသူရဲ့…ခြေလှမ်းတွေကတော့.......
..အမှတ်မထင်…ရနံ့ လေးရဲ့ ခေါ်ဆောင်ရာဆီသို့ ရောက်နှင့်နေပြီလေ………………

Friends18.com Orkut Scraps


(…ကြူကြူ….သင်း………………ဟင်း…...ရွှေနှင်းဆီရယ်..ဆင်းရနံ့ ကမွှေးတယ်…
………………..မခူးရက်စရာကွယ်.. အထူးပဲလှတယ်…
သူ့ ကိုသူပင်..ဆူးတွေကိုဆင် နတ်ဥယျာဉ်ဝယ်…ရောင်စုံဖူးပွင့်တယ်..)

……… နှုတ်ဖြားဆီမှလဲ… တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့…အဆိုတော်…အန်တီချိုပြုံးရဲ့
သီချင်းလေးကိုသီဆိုရင်း…
အိမ်ခြံထဲမှာစိုက်ပျိုးထားတဲ့…နှင်းဆီပန်းတွေကိုကြည့်ပြီး…ကြည်နူး
နှစ်သက်ဂုဏ်ယူနေမိသည်က…နှင်းဆီလေးကိုသိပ်ချစ်တတ်တဲ့…နှင်းဆီမလေးလို့ 
အများကခေါ်ဝေါ်ခြင်းခံရတဲ့…ခိုင်..ပါ......................


ဟုတ်ပါတယ်…ခိုင်…နှင်းဆီပန်းတွေကိုသိပ်ချစ်ပါတယ်....


Tuesday 23 October 2012

ချစ်သူအစစ် တကယ်ဖြစ်လို့ ဘာတွေဖြစ်ပါစေ ချစ်နေကြမယ်လေ




စိတ်တူ ကိုယ်တူ
ခံစားချက်တွေ ဝေမျှ

ရင်ခုန်သံခြင်း ထပ်တူညီကြလို့ 

သံယောဇဉ်တွေ  ဖြစ်ခဲ့ ကြဖူးတယ် ။ 

    
နှလုံးသားအသိညီမျှ
ကြည်မြတဲ့ သံယောဇဉ်

အမှန်ပြောရင်သစ္စာ

ဟန်သဘောပင်  အပြစ်မပါ

ရှစ်ကမ္ဘာမှာ သစ္စာတွေစူးနင့်

ချစ်တာတွေ  ရူးရင့်ခဲ့ ဖူးတယ် ။ 
   
ဘ၀အမောတွေကြား
ခဏ  ဇော တွေ ဘေးဖယ်

အတွေးဖလှယ်ကာ  ဖြေသိမ့်

ချစ်တတ်တဲ့ စိတ်နဲ့ 

ချွေးသိပ်လို့ ခိုနား

နှစ်ကိုယ်ကြားမှာ...

ဆိုစကားတွေ  ချိုခဲ့ ကြဖူးတယ် ။ 

 
ဒုက္ခကိုထမ်း
ခရောင်းလမ်းမှာ
မပျော့ပြောင်းလှ သူ့ဘ၀အတွက်

စာနာသနား ဂရုဏာထားလို့ 

အစ္ဈတ္တ ကို  ထွေးယှက်

မေတ္တာတွေ   ပေးအပ်ခဲ့ ဖူးတယ် ။ 

 


Sunday 21 October 2012

ချစ်သူသိစေ သစ္စာရှိစေ











ကိုယ့်ရဲ့ ပတ်ဝန်းကျင်တွေထဲမှာ 

သူ့ ကိုမတွေ့ရတော့တဲ့ အခါ 

လွမ်းတာမဟုတ်ပေမယ့် 

သတိရစိတ်တွေက 

အတိုင်းမသိအောင် ရှည်ကြာခဲ့တယ် 

သိစိတ်မှာ အတိအလင်း 

မပွင့်လင်းခဲ့ကြပေမယ့် 

မသိစိတ်တွေထဲမှာ 

သံယောဇဉ်တွေ ခိုင်မာနေခဲ့ ကြတယ် ။ 

အချစ်မရှိသည့်ကိုယ် ဖြစ်လိုပါသည်






 
ဘ၀ဟောင်း သံသရာနယ်က 
 
အကြင်နာပေါင်း ရှစ်သောင်းလေးထောင်မက 
 
အချစ်ကို  ကိုးကွယ်ခဲ့ ကြ 
 
အကျိုးတစ်ကယ် မလှတာကို 
 
တစ်မျိုးနယ်ချဲ့ကာ ပြရရင် 
 
အတိအကျမပြောနိုင်တောင် အမိအရပြောနိုင်တာက 
 
ပူလောင်ဆင်းရဲမှုအနန္တ ခါးသက်မှုအသေင်္ချ 
 
ဘ၀ အထွေထွေအတွက် 
 
သန္ဓေတည်မှာကတည်းက 
 
အချစ်ကို မွေးဖွားခြင်းအစ 
 
တစ်ယောက်စကား အညာကိုယုံလိုလို့ 
 

ချောက်ခြားကာ မဟာဘုံမှာဖြင့် 
 
ဖောက်ပြား အခါခါ သံသရာလည်