ဘ၀ဟောင်း သံသရာနယ်က
အကြင်နာပေါင်း ရှစ်သောင်းလေးထောင်မက
အချစ်ကို ကိုးကွယ်ခဲ့ ကြ
အကျိုးတစ်ကယ် မလှတာကို
တစ်မျိုးနယ်ချဲ့ကာ ပြရရင်
အတိအကျမပြောနိုင်တောင် အမိအရပြောနိုင်တာက
ပူလောင်ဆင်းရဲမှုအနန္တ ခါးသက်မှုအသေင်္ချ
ဘ၀ အထွေထွေအတွက်
သန္ဓေတည်မှာကတည်းက
အချစ်ကို မွေးဖွားခြင်းအစ
တစ်ယောက်စကား အညာကိုယုံလိုလို့ 
ချောက်ခြားကာ မဟာဘုံမှာဖြင့်
ဖောက်ပြား အခါခါ သံသရာလည်
ပုထုဇဉ်လူသားမို့ ရှုစားလို့  အာရုံနွယ်
ကာမဂုဏ်နယ် အမြောက်အများဆီသို့
ကာလာစုံချယ် အမှောက်အမှားတွေနဲ့
ဘယာတုံဖွယ် အကြောက်တရားတွေက
လျှောက်သွားကာ အကြောင်းကျိုးဝင်
အကောင်း အဆိုး မမြင် ဒီအချစ်ရယ်ကြောင့်
အနုအလှစကားနဲ့ သမုဒယပွားကာဒွန်တွဲ
ကျွံစွဲကာ ညစ်သထက်ညစ်မို့
နွံထဲမှာ နစ်သထက်နစ်
အချစ် အချစ် အချစ် တွေနဲ့
မာယာမြစ်ထဲ အခါခါ ပစ်လဲကာ
အထိ အငြိ အကြည့်တွေကြောင့်
သာယာတပ်မက် စွဲလမ်းကပ်ညိ
မညှာမတာ ရက်စက် အသည်းကျွမ်း ဟက် ထိ
အလွမ်းတွေလဲဝေ အနမ်းတွေလဲကြွေ
အပန်းတွေလည်း မပြေခဲ့ပြီမို့
အချစ်ခရီးကျင်လည်သူ
အပြစ်မီးပင်လယ်မှ မခင်တွယ်
အမှန်တကယ် အချုပ်အနှောင်တွေကို
လွတ်အောင်သာ ရုန်းထွက်လိုက်ချင်ပါရဲ့
အဖြစ်အပျက်အမှန်တွေ စတေးထား
အချစ်အတွက်တဖန် မမွေးဖွားချင်တော့တာကြောင့်
အပြစ်မရှိ အညစ်မငြိကာ အချိုရှာ
အချစ်မရှိသည့် ကိုယ်သာ ဖြစ်လိုပါတော့သည် ။
ချစ်ပန်းခိုင်
အားပေးခဲ့ပါတယ် ညလေးရေ ~~
ReplyDelete