ကြည်လင်သာယာတဲ့ ..မနက်ခင်းရဲ့နေခြည်နွေးနွေးအောက်မှာ..
အေးမြတဲ့ လေနုအေးလေးက..
နှာသီးဝဆီကို လာရောက် ကြည်စယ်နေတော့သည်…...................
…ဟားးးးးးးးးးးးးးးးးးး….လတ်ဆတ်လိုက်တာ..
စိတ်ကိုကြည်နူး လန်းဆန်းစေတဲ့ လေးညှင်းလေးနဲ့ အတူပါလာတဲ့ရနံ့လေး.....
ဒီအနံ့ ကို..နေ့ စဉ်နဲ့အမျှ ရှူ ရှိုက်ပြီး တစ်နေ့ တာလုပ်ငန်းကို..ကြည်လင်စွာ အစပြုနေကျမို့ …
…ရနံ့ လေးကိုအလွတ်ရနေမိသူရဲ့…ခြေလှမ်းတွေကတော့.......
..အမှတ်မထင်…ရနံ့ လေးရဲ့ ခေါ်ဆောင်ရာဆီသို့ ရောက်နှင့်နေပြီလေ………………

..အမှတ်မထင်…ရနံ့ လေးရဲ့ ခေါ်ဆောင်ရာဆီသို့ ရောက်နှင့်နေပြီလေ………………

(…ကြူကြူ….သင်း………………ဟင်း…...ရွှေနှင်းဆီရယ်..ဆင်းရနံ့ ကမွှေးတယ်…
………………..မခူးရက်စရာကွယ်.. အထူးပဲလှတယ်…
သူ့ ကိုသူပင်..ဆူးတွေကိုဆင် နတ်ဥယျာဉ်ဝယ်…ရောင်စုံဖူးပွင့်တယ်..)
……… နှုတ်ဖြားဆီမှလဲ… တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့…အဆိုတော်…အန်တီချိုပြုံးရဲ့
သီချင်းလေးကိုသီဆိုရင်း…
အိမ်ခြံထဲမှာစိုက်ပျိုးထားတဲ့…နှင်းဆီပန်းတွေကိုကြည့်ပြီး…ကြည်နူး
နှစ်သက်ဂုဏ်ယူနေမိသည်က…နှင်းဆီလေးကိုသိပ်ချစ်တတ်တဲ့…နှင်းဆီမလေးလို့ 
အများကခေါ်ဝေါ်ခြင်းခံရတဲ့…ခိုင်..ပါ......................
ဟုတ်ပါတယ်…ခိုင်…နှင်းဆီပန်းတွေကိုသိပ်ချစ်ပါတယ်....
ပန်းတွေအများကြီးထဲကမှ…ဆူးတွေခြံရံထားတဲ့
ဒီအနီရောင်နှင်းဆီကို….ခိုင်အနှစ်သက်အမြတ်နိုးဆုံးပါ…
နှင်းဆီပန်းမှာကအဓိပ္ပါယ်တွေအများကြီးဖော်ကျူးထားသလိုခံစားရပါတယ်..…
ပြီးတော့…နှင်းဆီပန်းလေးမှာ…….ပန်းဆိုတဲ့..ကျွန်မတို့မိန်းကလေးတွေတိုင်း
အိမ်ခြံထဲမှာစိုက်ပျိုးထားတဲ့…နှင်းဆီပန်းတွေကိုကြည့်ပြီး…ကြည်နူး
နှစ်သက်ဂုဏ်ယူနေမိသည်က…နှင်းဆီလေးကိုသိပ်ချစ်တတ်တဲ့…နှင်းဆီမလေးလို့ 
အများကခေါ်ဝေါ်ခြင်းခံရတဲ့…ခိုင်..ပါ......................
ပန်းတွေအများကြီးထဲကမှ…ဆူးတွေခြံရံထားတဲ့
ဒီအနီရောင်နှင်းဆီကို….ခိုင်အနှစ်သက်အမြတ်နိုးဆုံးပါ…
နှင်းဆီပန်းမှာကအဓိပ္ပါယ်တွေအများကြီးဖော်ကျူးထားသလိုခံစားရပါတယ်..…
ပြီးတော့…နှင်းဆီပန်းလေးမှာ…….ပန်းဆိုတဲ့..ကျွန်မတို့မိန်းကလေးတွေတိုင်း
ထားသင့်ထားအပ်တဲ့မာနမျိုးလဲ သူ့ မှာရှိတယ်လေ…
ဒါကတော့နှင်းဆီပန်းကိုခရေဇီဖြစ်မိသူ..ခိုင့်အနေနဲ့
ထင်မြင်ယူဆကြည့်မိတာပါ…တကယ်တော့ခိုင်ဟာ..ပန်းတစ်ပွင့်ဖြစ်ခဲ့မယ်ဆိုရင်…
အနီရောင်နှင်းဆီပန်းလို..ပန်းကလေးပဲဖြစ်ချင်ခဲ့ပါတယ်..
ဒါဟာဘာကြောင့်လဲ…….?
တချို့တွေကခိုင့်ကို မေးကြတယ်…နှင်းဆီပန်းကိုဘာကြောင့်ကြိုက်ရတာလဲတဲ့…
ခိုင်အားလုံးကိုဖြေပေးဖူးပါတယ်……..သူများတွေတော့မသိဘူး…..
ခိုင် နှင်းဆီပန်းကိုကြိုက်ရခြင်းကတော့…
ပန်းကိုကြိုက်ရတာထက်...သူ့ ဘ၀ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို…ကြိုက်နှစ်သက်ခဲ့တာပါဆိုရင်…
ခိုင့်..ကို…အထူးအဆန်းများဖြစ်နေကြမလားမသိဘူးနော်…
….ဒါဟာ..ခိုင့်ရင်ထဲကလာတဲ့တကယ့်အမှန်တရားပါ....
ခိုင်လေ…နှင်းဆီပန်းလေးရဲ့ဖွဲ့ စည်းတည်ဆောက်ပုံနဲ့ ...
သူ့ ရဲ့ခံယူချက်ကလေးကိုအားကျ..အတုယူခဲ့မိတယ်လေ..
ဒီလိုပြောလို့ .ခိုင့်ကိုဒဿနဆန်တယ်လို့ ပြောကြလေမလား…
တကယ်တော့ခိုင့်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့
စိတ်ဓာတ် ခံယူချက်နဲ့ နှင်းဆီပန်းလေးရဲ့..သူ့ ဘ၀ဖွဲ့ စည်းတည်ဆောက်ပုံဟာ…
တူညီနေပါတယ်လို့ ဆိုရင်ကော..ရူးနှမ်းတယ်ပြောကြလေမလားဟင်…
ဒါကြောင့်ထင်ပါရဲ့..ခိုင့် ရဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း သူငယ်ချင်းမိတ်ဆွေတွေက
ခိုင့်ကို နှင်းဆီပန်းကိုအရူးအမူးစွဲလန်းနေသူမို့  မနှင်းဆီလို့ ..ခေါ်ဝေါ်ခဲ့ကြတယ်လေ.
.ဒီအပေါ်မှာခိုင်ကလဲ…ဂုဏ်ယူစွာကျေကျေနပ်နပ်နဲ့ နှင်းဆီလိုစိတ်မျိုးလေးထားခဲ့မိတာပေါ့…
ဒါကြောင့်…နှင်းဆီမမကို…နှင်းဆီပန်းအကြောင်းလာမေးရင်…
နှင်းဆီလေးရဲ့ဂုဏ်ရနံ့ ကို..ထုတ်ဖော်ရည်ညွှန်းပြောဆိုနေမိမှာပါ…
……နှင်းဆီပန်းကို..လူတိုင်းနှစ်သက် စွဲလန်း ကြတယ်မဟုတ်ပါလား..
နှစ်သက်ကြသလို ပိုင်ဆိုင်ချင်ကြတဲ့သူတွေလဲ အများကြီးရှိကြမှာပါ…
ဒီတော့..ကိုယ်နှစ်သက်တဲ့နှင်းဆီလေးဟာဘယ်လိုလေးဆိုတာကိုလဲ…
သိရှိနားလည်ကြမှာပေါ့နော်.....
.
ခိုင်ကတော့နှင်းဆီပန်းကို..မြတ်နိုးသူပီပီ..ဘယ်လိုနားလည်ထားလဲဆိုရင်…
.နှင်းဆီပန်းလေးသိပ်လှတယ်...............လှတာမှ...
လူတိုင်းရဲ့ရင်ထဲကိုစွဲလန်းသွားရလောက်အောင်ထိကိုလှတာပါ..........
.
အဲဒီအလှတရားနဲ့ လူတိုင်းရဲ့ရင်ကို တိုက်ရိုက် ညှို့ယူ ထိရောက်သွားစေတဲ့အရာကတော့.
.သူ့ ရဲ့..မွှေးတဲ့ ရနံ့ လေးရယ်ပါ....
…ဒီမွှေးရနံ့ရဲ့ ညှို့ယူ ဆွဲငင်အားက ကောင်းနေတော့…ခံစားမိသူတွေအားလုံး..
ယစ်မူး သာယာ သွားစေခဲ့ရတာပေါ့ရှင်.
ဒါ့အပြင်..အရောင်အသွေးကိုကြည့်လိုက်ပြန်တော့လဲ..အနီရောင်ဆိုတဲ့..ရဲရဲတောက်စေတဲ့.
.ခိုင်မာ လေးနက် တိကျ ပြတ်သားမယ့်စိတ်ဓာတ်ဟာ….
ခွန်အားကိုဖြစ်စေတဲ့..နှင်းဆီနီရဲ့ ပံ့ပိုးဆွဲဆောင်မှု့တစ်ခုပဲလေ…
ဒါတွေအားလုံးဟာ…နှင်းဆီဆိုတဲ့ပန်းမှာရှိတဲ့မာယာလို့ ခေါ်တဲ့ ဆွဲဆောင်မှု့အလှတရားနဲ့ 
ရမ္မက်သွေးကြွယ်စေတဲ့ နှင်းဆီနီတို့ရဲ့အရည်အသွေးတွေလို့ …ညွှန်းဆိုလိုက်ရင်..
ပိုလွန်းတယ်လို့ များဆိုကြလေမလား….
အဲဒီအလှတရားတွေကို…နောက်ကွယ်ကနေ.ကြိုးကိုင်ပေးနေတဲ့…လျှို့ဝှက်ချက်တစ်ခုရှိခဲ့ပါတယ်..
သူ့ ကိုအကျည်းတန်တယ်လို့ ထင်ရပေမယ့်..တကယ်တော့နှင်းဆီမလေး…
ဒီလိုဆူးတွေနဲ့ အကျည်းတန်နေရတာဟာ
ဘာကြောင့်လဲသိရှိကြပါသလား…..?
အဲဒီလျှို့ဝှက်ချက်ကတော့..သူ့ ရဲ့ဘ၀လေးကို..ထိုက်တန်သူသာ..
ပန်ဆင်နိုင်ဖို့ အတွက်..ကြားကာလမှာ ထိုက်တန်သူမဟုတ်တဲ့ အလွယ်တကူ ဆွတ်ချူ ခြွေခူး
ချင်နေကြတဲ့သူတွေရဲ့ အန္တရာယ်တွေကို ဒီဆူးတွေနဲ့ စောင့်ရှောက် ကာကွယ်ထားတဲ့သဘောပါ…
သိပ်လှတဲ့နှင်းဆီလေးမှာ.ဒီဆူးတွေသာမရှိခဲ့ရင်..တကယ်မလွယ်ပါဘူး…
ဆွတ်ခူးချင်သူတွေရဲ့လက်ထဲ..အလွယ်တကူပါသွားနိုင်တယ်လေ……
ထိုနည်းလည်းကောင်းပါပဲ…ကျွန်မတို့ ..မြန်မာမိန်းကလေးတွေဟာ…
မထိုက်တန်သူတွေရဲ့လက်ထဲ……အချိန်မတန်ပဲခြွေခူးခြင်းတွေကို မခံရတော့ဘူးပေါ့နော်………
..တကယ်အားကျအတုယူဖို့ ကောင်းလိုက်တာနော်..
ဒါကြောင့်လဲ..ခိုင်လေ…ဆူးတွေခြံရံထားတဲ့နှင်းဆီမလေးဖြစ်ချင်ခဲ့မိတာပါ…
အဲဒါကြောင့်မို့ လဲ..ခိုင်..နှင်းဆီပန်းလေးရဲ့စိတ်ကိုနားလည်ပေးမိလိုက်တာပေါ့..
အစကတော့လေ..ခိုင်လဲနှင်းဆီပန်းလေးကို..ဆူးတွေပါလို့ …အရုပ်ဆိုးတယ်..
အကျည်းတန်တယ်ရယ်လို့ သတ်မှတ်ထားခဲ့မိတာလေ…
နောက်တော့မှ…နှင်းဆီပန်းလေးရဲ့ သဘာဝကို စိတ်ကူးနဲ့ ပုံဖော် ကြည့်လိုက်တော့မှ...
တကယ်ပဲနားလည်ပေးမိလိုက်တာပါ....
နှင်းဆီလေးကတော့..ဘယ်သူတွေဘာပဲပြောပြော..အပြုံးမပျက်ခဲ့ရှာပါဘူး…
သူ့ ကိုမာယာနဲ့ လှည့်စားမြူဆွယ်
ပြုစားတတ်သူလို့ စွပ်စွဲနေဦးတော့…နှင်းဆီလေးက..အိနြေ္ဒမပျက်…ဟန်ဆောင်မှုကင်းလျက်.
.မွှေးမြဲမွှေးနေတာပါပဲ………မာယာတွေရဲ့နောက်က…ဆူးဆိုတဲ့အဆိပ်အတောက်တွေနဲ့ …
ဖမ်းစားညှို့ယူတောက်လောက်ပြင်းရှစေတယ်လို့ ….
သူ့ ကိုစွတ်စွဲ..သမုတ်စေဦးတော့…နှင်းဆီလေးက…
ဒါတွေကို.မသိကျိုးကျွံပြုလျက်..လူတိုင်းရဲ့ရင်ကိုမွှေးပျံ့တဲ့ ရနံ့နဲ့..
လက်ဆတ်အေးမြစေခဲ့တာကိုလဲ……
အသိအမှတ်ပြုလက်ခံပေးသင့်တယ်..ထင်တယ်လေနော်…
………ဒါကြောင့်…. A rose by any other with smell at sweet …တဲ့
…နှင်းဆီလေးကို..ဘယ်လိုပဲပြောပြာ…သူ့ရဲ့…ရနံ့ လေးကမွှေးမြဲမွှေးနေမှာပါတဲ့……..
သေချာတာတစ်ခုကတော့…
နှင်းဆီလေးဘက်က..စပြီးတော့…တမင်တကာရည်ရွယ်ပြီး..ဒီလူကိုတော့ ဆူးစူးပါစေတော့ရယ်လို့ .
အငြိုးအတေးထားခဲ့တာမျိုးမဟုတ်ခဲ့ပါဘူး……..
. နှင်းဆီပန်းမှာရှိတဲ့ဆူးကတော့…ဘယ်သူ့ကိုမှတမင်တကာ…သွား..မစူး..စေတာအမှန်ပါပဲ …
ဒါကလဲ....အလွယ်တကူဆွတ်ချူ..ခြွေခူးချင်သူတွေရဲ့..
.အကိုင်အတွယ်မတတ်မှု့ကြောင့်သာလျှင်.သူ့ ရဲ့.ဆူးတွေ..စူးစေတာဖြစ်ပါလိမ့်မယ်နော်…
ဒီတော့…နှင်းဆီလေးကိုနားလည်ပေးကြည့်ရအောင်လား…….
တကယ်တော့နှင်းဆီပန်းလေးက…ထိုက်တန်သူပိုင်ရှင်ကိုမျှော်နေရှာသူလေးပါ..
သူ့ ဘ၀ကိုပိုင်ဆိုင်မယ့်…. သူ့ ရဲ့အရှင်သခင်အတွက်..အချစ်တွေကို.ဘ၀ပိုင်ရှင်သီးသန့် အတွက်
မကြွေခင်မှာ…ရက်ရက်စက်စက်ခြွေခူးသူ.
ကြားလူတွေလက်ထဲ..အပါမခံရအောင်.သူ့ ဘ၀ကိုယ်..သူ.စောင့်ရှောက်ကာကွယ်နေတယ်လို့ 
မှတ်ယူကြရအောင်လား…
ဒီတော့နှင်းဆီပန်းလေးရဲ့အချစ်က…တန်ဖိုးရှိနေမှာပေါ့နော်..
အဲဒါကြောင့်လဲ….ဒီပန်းကလေးမှာ..အချစ်ရေးနဲ့တခြားအရေးကိစ္စအ၀၀တွေမှာ………
အန္တရာယ်တွေနဲ့ ကြုံတွေ့ လာရင်တောင်မှ..သူ့ ရဲ့စောင့်ထိန်းမှု့ကိုယ်ကျင့်တရားအတွက်…
ဆူးတွေနဲ့ ခြံခတ်ထားတာကြောင့်တခြားပန်းတွေထက်စာရင်………
.အန္တရာယ်..အသွယ်သွယ်ကို ပယ်ရှား ကင်းဝေး စေနိုင်တာပေါ့နော်..

ဟုတ်တယ်နော်…နှင်းဆီပန်းလေး…ယူဆထားသလိုပဲ…
.ခိုင် တို့ တတွေ ဘ၀ခရီးလမ်းကိုလျှောက်လှမ်းရတဲ့အခါမှာ..
အခက်အခဲအကြမ်းအတမ်းတွေနဲ့ ရင်ဆိုင် ကြုံတွေ့ နေရမှာအသေအချာပါပဲ……..
အလှအပတွေနဲ့ ပေါင်းစုံ…ဖွဲ့စည်းထားတဲ့ဟောဒီကမ္ဘာလောကကြီးမှာ...သက်ရှိသက်မဲ့
လူပုဂ္ဂိုလ်..အစရှိတဲ့..အထူးသဖြင့်သဘာဝလောကကြီးမှာ
အသက်ရှင်နေထိုင်သူတွေအပါအ၀င် မလွဲမသွေ
ရင်ဆိုင်ရမှာကတော့ လောကဓမ္မတာပါပဲ…
သဘာဝလောကကြီးမှာ…အားလုံးကျင်လည်ခံစားရမှာက
နိမ့်တစ်ခါ ………… မြင့်တစ်လှည့်
လွင့်တစ်ခါ …လူးတစ်လှည့်
အေးတစ်ခါ…..ပူတစ်လှည့်
ကောင်းတစ်ခါ.....ဆိုးတလှည့်ရယ်နဲ့ အမြဲဒွန်တွဲနေတဲ့ဘ၀မှာ…
သာတဲ့အခါရှိသလို…နာတဲ့အခါလဲကြုံရဦးမှာပါ…
ခံရတဲ့အခါ…ကြုံဖူးသလို စံရမယ့်..အခါလဲ..ဆုံဖူးမှာပါ.
.ဒီတော့မတည်မြဲတတ်တဲ့.
.ပုံသေတွက်ထားလို့ မရတဲ့ အနေအထားမှာ....အငိုတခါ..အရယ်တလှည့်နဲ့
ဖြစ်ပျက်နေတဲ့ဒီလောကကြီးဟာ အပြောင်းအလဲ တွေ လဲ ရှိနိုင်သလို
ကံကြမ္မာ ဆိုတာ ကလဲ သိပ်ကို ဆန်းကျယ် လွန်းလှပါတယ်..
မပြေလည်တဲ့အခါရှိနိုင်သလို…...ပြေလည်တဲ့အခါတွေလဲရှိဦးမှာပါ…..
ဘ၀လမ်းခရီးဖြောင်းတန်းသလို…
ကြမ်းတမ်းကွေ့ ကောက်ရမယ့်သဘောတွေနဲ့ လဲ..ရင်ဆိုင်လာရဦးမှာပါလေ…
ဒီတော့…ဘ၀ဆိုတဲ့..နေ့ စဉ်နဲ့ အမျှလှုပ်ရှားရုန်းကန်နေရတဲ့…အခါမျိုးတွေမှာ..
သွေ့ ခြောက်နေတဲ့အချိန်မှာ….အငိုမပြေခဲ့ရသလို.
စိုပြေသာယာကြည်နူးပျော်ရွှင်ခဲ့ရတဲ့အချိန်မှာလဲ..အရယ်မပျက်ခဲ့ရပါဘူး
အဲဒါကြောင့်….နှင်းဆီပန်းလေးလို…အကျဉ်းတန်နေမယ့်…လောကကြီးရဲ့
မာယာဆိုတဲ့လှည့်ကွက်အောက်မှာ…..အသိဥာဏ်ဆိုတဲ့..ဆူးထက်ထက်တွေသာ…
ဝန်းရံမထားဘူး...ဆိုရင်.........ကျွန်မတို့ တွေအားလုံး..
ဒီအခက်အခဲအကြမ်းအတမ်း..စတဲ့..အန္တရာယ်တွေကို….ရင်ဆိုင်ကျော်လွှားနိုင်ပါ့မလား…?
ဟုတ်တာပေါ့…နှင်းဆီပန်းလေးက.....သဘာဝလောကကြီး အကြောင်းကိုတော်တော်
နားလည်ထားပုံရတယ်နော်…
လောကကြီးမှာ..ကိုယ် ကြိုမမြင်နိုင်တဲ့...အကြောင်းအကျိုးတွေ..ကြိုတင်မမြင်နိုင်တဲ့ကံတရားတွေ
အန္တရာယ်တွေကို တွေ့ ကြုံခံစားရမယ်ဆိုတာကိုကြိုသိလို့ လဲ…သူ့ ဘ၀ရဲ့အလှတရားခိုင်မာအောင်…
ဆူးတွေနဲ့  ဖွဲ့စည်းတည်ဆောက်ထားတယ် ထင်ပါရဲ့နော်…...
ဒါတင် မကသေးပါဘူးရှင်...
ဖြစ်ပျက် မှု အမှန် တရားတွေနဲ့  စတေးထားရတဲ့ ..ဒီလောက ကမ္ဘာမြေ မှာ
အချစ်ဆိုတဲ့ အရာကလဲ..ထိုနည်းတူစွာပဲရှင် …
.ဆန့်ကျင်ဘက်သဘောတရားတွေနဲ့ ဖွဲ့စည်းနေတာဖြစ်တာကြောင့်…
ကိုယ့်ဆီရောက်ရှိလာမယ့်အချစ်တွေဟာ…ဟန်ဆောင်မှုအပေါ်ယံကြောတွေလား…
ဒါမှမဟုတ်….စစ်မှန်တဲ့အချစ်လို့ ခေါ်တဲ့… ( Real True Love ) ဖြစ်နိုင်..မဖြစ်နိုင်ဆိုတာကို……
…..ကြိုတင်မှန်းဆရခက်ပါတယ်…
ဒါကြောင့်လဲ..နှင်းဆီမလေးက…သူ့ ရဲ့ဘ၀ထဲကို.၀င်ရောက်လာကြမယ့်သူတွေအပေါ်
သူ့ရဲ့ဆူးထက်ထက်တွေနဲ့ အချစ်စစ်အချစ်မှန်ကို..လေ့လာစမ်းသပ်ဖို့ အတွက်..
ချူလိုသူတွေ ဆွတ်ခူးချင်သူတွေကို.
အလှမာနလေးဝင့်လို့ ဆူး.စူးဒဏ်ကိုခံနိုင်ရင်….
…စမ်းကြည့်လိုက်လေလို့ များ…စိန်ခေါ်မှုလေးတွေလဲပေးနေသလားအောက်မေ့ ရတယ်နော်.
ဒါကတော့နှင်းဆီမလေးရဲ့ သူရရှိပိုင်ဆိုင်ရမယ့်….သက်ဆိုင်သူကို…ရွေးချယ်နေတဲ့.
.သူ့ရဲ့အချစ်တိုက်ပွဲလေးထင်ပါရဲ့....
ဒါတင် မကသေးပါဘူး.....
နှင်းဆီပန်းလေးက….သူ့ရဲ့သဘောထားအမှန်တရားကို..လိမ်ညာကွယ်ဝှက် ထားစရာတွေမရှိပါပဲ
ပွင့်ပွင့်လင်းလင်းလေးနဲ့ အချစ်ဗျူဟာခင်းပေး…ပြောပြလိုတာကတော့
အကယ်၍သာ သူ့ ဘ၀ကိုထိုက်တန်မယ့်…ပိုင်ဆိုင်မယ့်
သူ့ ဘ၀ရဲ့အရှင်သခင်ဟာ..Good Person Right Person…လို့ သတ်မှတ်ရလောက်အောင်…
….Good သရဖူ..ပုဂ္ဂိုလ်မျိုးမဖြစ်ခဲ့ရင်တောင်မှ…တစ်ယောက်အချစ်တစ်ယောက်အနားမှာ
…ထောက်ချင့်မဖောက်ပြားစွာပဲ….အသွေးအသားတွေပေါင်းစပ်..ကောင်းမြတ်တဲ့ မေတ္တာစစ်စစ်တွေနဲ့ .
အချစ်စစ်အချစ်မှန်..ဖြစ်မယ့်..တော်မော်ကောင်းမွန်တဲ့သူသာ…
နှင်းဆီလေးရဲ့ဘ၀ကို…
မကြွေခင်မှာ…ခြွေယူသူမဟုတ်ပဲ..အမြတ်တနိုးနဲ့ …လှလှပပ
တင့်တင့်တယ်တယ်ဖြစ်ဖို့ ...ဥယျာဉ်မှူးလိုစိတ်မျိုးနဲ့သာရည်ရွယ်ပြီး…..
နှင်းဆီမလေးဆီလျှောက်လှမ်းလာမယ့် သူဆိုရင်တော့ဖြင့်……
နှင်းဆီပန်းလေးရဲ့ ..မာနဆူးလေးတွေ
မတော်တဆ..ဆူး… စူး..သွားခဲ့ရင်တောင်…နှင်းဆီပန်းလေးရဲ့တုံ့ ပြန်မေတ္တာကြောင့်…
.အဆိပ်တွေပျယ်စေပြီး..သူ့ နားမှာ..လှလှပပလေးနဲ့ ဖြူဖြူစင်စင်..မငြူစူချင်ပဲနဲ့ 
ယုယမြတ်နိုးခင်မင်စွာ..အကြင်နာအချစ်တွေဝေနေမှာပါပဲတဲ့လေ…
…ဒါဟာ…နှင်းဆီပန်းလေးရဲ့..ဟန်သဘောမေတ္တာမဟုတ်တဲ့..မှန်သောသစ္စာပါတဲ့ရှင်…
ကဲ…ဘယ်လောက်တောင်..တန်ဖိုးရှိလိုက်သလဲနော်…..
နှင်းဆီပန်းလေးက. ထပ်ပြီး ပြောပါသေးတယ်..
.သူ့ ဘ၀ကိုသူ ဆူးတွေနဲ့ ကာကွယ်စောင့်ရှောက်ရတဲ့သဘောတရားဟာ
…အချစ်စစ်အချစ်မှန်နဲ့ ချစ်လာသူ…သူ့ ဘ၀ရဲ့အဖော်မွန်အတွက်…
ကမ္ဘာတည်သရွေ့မှာ.ပါရမီဖြည့်လိုစွာ…တူညီတဲ့မေတ္တာတွေကို..
..ဆူးတွေကိုသက်သေတည်ပြီး. သစ္စာအနေနဲ့ ...လှစ်ဆိုပြသခဲ့တာကတော့..
..အချစ်ကမ္ဘာကို ကျော်လွန်ပြီးမှသည်…ဆိတ်ငြိမ်…အေးချမ်းသော…
ဘ၀တစ်ဖက်ကမ်းဆီသို့ တိုင်အောင်…အတူလျှောက်လှမ်းချင်တဲ့….စိတ်ဆန္ဒအရင်းခံလေးနဲ့ …
စောင့်စည်းထိန်းသိမ်းချင်တဲ့ ရည်ရွယ်ချက်လေးကြောင့်ပါတဲ့ရှင်...…
….ဘယ်လောက်အတုယူစရာကောင်းလဲရှင်…
ဒါကြောင့်ပြောတာပေါ့..ခိုင်ကလေ…နှင်းဆီပန်းလေးကို…ပန်းလေးကို
အပေါ်ယံလှလို့ ကြိုက်တာထက်..
သူ့ ဘ၀ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ…ခံယူချက်ကလေးကို အမှန်ပဲနှစ်သက်လေးစားမိတာပါ..
အားကျအတုယူမိတာပဲရှင်…………
အခုဆိုရင်….အားလုံးပဲ..နှင်းဆီမလေးရဲ့..စိတ်ရင်းလေးကို နားလည် သိရှိသွားကြရောပေါ့နော်..
ကဲ….နှစ်ဆီပန်းလေးရဲ့အချစ်ပုံပြင်လေးကတော့…ဒါပါပဲရှင်…
တကယ်တော့လေ ကျမ တို့  မိန်းခလေးတွေ ဟာ ပန်းကလေးတွေနဲ့ တင်စားရင် မမှားနိုင်ဘူးပေါ့ရှင်..
ပန်းဆိုတာ မျိုးက အင်မတန် နူးညံ့သိမ်မွေ့ လှပမှုလေးတွေနဲ့လူအများရဲ့ စိတ် ကို
ကြည်နူးနှစ်သက်စေတာပါ....
တကယ်တော့ လူ့ ဘ၀ဆိုတာဟာလဲ အစဉ် အမြဲ လှုပ်ရှားရုန်းကန်ရင်းနဲ့ 
ပန်းတွေ...ပွင့်သလိုပါပဲ.ပန်းကလေးတွေဟာ ဖူးရာ မှ ငုံ ...ငုံရာကနေ...
လှပစွာပွင့်လန်းလာရတာမဟုတ်ပါလား..ဒီတော့ ပွင့် လန်း တယ် ဆိုတဲ့ နေရာမှာ
ဒီပန်း ပွင့် လေး တွေ လန်း နေစေဖို့ အတွက်
အဲဒီပန်းကို ပိုင်ဆိုင်သူရဲ့ ..တန်ဖိုးထားတတ် မှုအပေါ်မှာ အများကြီးမူတည်ပါတယ်ရှင်..
ဒါကြောင့် ပန်းဖူးတို့ ရဲ့ ဘ၀..ငုံ ရာ ကနေ လန်းဆန်းစွာ မပွင့် ခင်..
ကြမ်းတမ်းစွာ မကြွေ နွမ်းစေဖို့ ... နှင်းဆီပန်းလေး လို အသိဥာဏ် ဆူးထက်ထက် လေးတွေနဲ့ 
စောင့်ထိန်းကြရအောင်နော်.......
ဒီလို ဆိုရင်... တို့ညီမလေးတွေ အနေနဲ့ …နှင်းဆီပန်းလို…စိတ်လေးနဲ့ အတူ…
လောကဓမ္မအရေးတွေနဲ့ အချစ်ရေးတွေမှာတန်ဖိုးရှိစေကြမှာ အမှန်ပါပဲ.....
တခါတလေ မှာ မတော်တဆမှုဆိုတာလဲ ရှိတတ်ပါတယ်လေ ..သို့ ပေမယ့်
နှင်းဆီပန်းကလေးတို့ရဲ့ ဆူးတွေဟာ....ကောင်းတဲ့သူတွေအပေါ်မှာမတော်တဆ..ဆူးသွားသလိုမျိုး.
ပန်းကလေးတို့ ရဲ့  အနေအထိုင်..အမူအကျင့်..အပြုအမူ အပြောအဆို……မာနဆူးတွေကြောင့်
တဖက်သားတွေရဲ့ စိတ်အစဉ်မှာ…ဘ၀င်မကျစေတာ….
စိတ်ထိခိုက်နာကျင်စေတာ…စိတ်အနှောက်အယှက် ဖြစ်စေခဲ့တာမျိုးရှိ ကောင်း
ရှိခဲ့ဖူးတယ်ရင်တောင်မှ…မိမိ တို့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ ....
ပန်းကလေးနှင်းဆီတို့ရဲ့ စိတ်စေတနာ.မေတ္တာတွေကြောင့်…အဆိပ်ပျယ်စေသလိုပဲ.
အမျက်အမုန်းတွေ ကျေစေ ကာ …အားလုံးပဲခွှင့်လွှတ်နားလည်လာကြမှာပါနော်
ဒါဟာ ဘာကြောင့် လဲဆိုရင်
ပန်းကလေး တို့ ရဲ့ စောင့်ထိန်းအပ်တဲ့ကိုယ်ကျင့် သိက္ခာရဲ့အကျိုးရလဒ် ပဲပေါ့ ...
နှင်းဆီပန်း ရယ်မှ မဟုတ်ပါဘူး ရှင် ...တခြားတခြားသော ပန်းကလေးတို့ ရဲ့ 
စိတ် ဓာတ် နဲ့ခံယူချက်တွေဟာလဲ ထို နည်းတူစွာ အဓိပါယ် တွေ နဲ့
ခံယူကျင့်သုံး လှပနေလိမ့်မယ်လို့ ထင်ပါတယ်ရှင်...
ဒီတော့ နှင်းဆီမလေးချစ်ပုံပြင်..ထဲကလို…ကျွန်မတို့ တတွေလဲ..ကိုယ့်ဘ၀ရဲ့ဖွဲ့စည်း
တည်ဆောက်ပုံကို…မှန်ကန်စွာ စောင့်ထိန်း နိုင်လို့ 
ခဏတာရောက်ရှိလာကြတဲ့..လူ့ လောကရဲ့..ကျင်လည်ဝဲလည်နေရမယ့်သံသရာဖြစ်တဲ့…
.ဟောဒီ ကမ္ဘာမှာ………
….လူ.အချင်းချင်း..အာဃာတတွေ.. …အငြိုးအတေး..အမျက်အမုန်းတွေမရှိပါပဲ…
လှပစိတ်ထားတွေ…မေတ္တာတွေနဲ့ အတူ …ချစ်ခင်ကြင်နာနိုင်ပါစေ..
ပန်းကလေးတို့ ရဲ့ စိတ်ထား အစဉ်မမြဲ လှပ နိုင်ကြပါစေလို့ …ရည်ရွယ်လျက်…
.နှင်းဆီပန်းလေးကိုအားကျအတုယူပြီး…သတိသံဝေဂ..ဝေနေမိတာကတော့ဖြင့်…
…နှင်းဆီခိုင်ဆိုတဲ့ ....နှင်းဆီမလေးရဲ့……ရင်တွင်း.စကားသံက….
စိတ်ကူးပုံဖော်မှု့လေးတွေနဲ့ အတူ…တေးသွားလေးတွေသီဆိုရင်း…
လောကရဲ့ အလှအတွက်....သူမဟာ....စိတ်ဓာတ်ခွန်အားတွေဖြစ်နေစေကာ ……….
နှင်းဆီပန်းတွေဝေဆာနေတဲ့ပန်းဥယျာဉ်လေးအလယ်မှာ
လှပ ဆန်းလန်း နေပါတော့တယ်..........။

………………………………………………………………………………………..
ခိုင့်ရဲ့ကိုယ်တိုင်ရေး..ရင်တွင်းခံစားချက်လေးအား..နှင်းဆီပန်းလေး..ဥပမာထားလျက်…
စိတ်ကူးပုံဖော်ရေးသားချက်လေးကို…ဖတ်ရှုအားပေးကြတဲ့…
အစ်ကိုအစ်မ..မောင်လေးညီမလေးတွေအားလုံး………ကျန်းမာပျော်ရွှင်ကြပါစေရှင်
မေတ္တာဖြင့် .......ချစ်ပန်းခိုင်
ချစ်ခိုင်ရဲ့ ဆုံးမတဲ့မေတ္တာစာလေးကို ဖတ်ရှု့တွေးတာခဲ့ပါတယ်။
ReplyDelete္တတန်ဖိုးရှိတဲ့ မြန်မာအမျိုးသမီးကောင်းတို့အတွက်
ReplyDeleteအဖိုးမဖြတ်နိုင်တဲ့ နှင်းဆီတစ်ပွင့်ရဲ့ ကောက်ကြောင်းတွေကို
မျှဝေခံစားခဲ့တယ် ညီမလေးရေ ....
ဆက်လက်ထုဆစ်နိုင်ပါစေ ။
နှင်းဆီနဲ့ပတ်သက်တဲ့ရသကောင်းတစ်ပုဒ်ကို ဖတ်ခွင့်ရလိုက်တာပါပဲ
ReplyDeleteညီမလေးပြောသလိုပါပဲ
(လူ.အချင်းချင်း..အာဃာတတွေ.. …အငြိုးအတေး..အမျက်အမုန်းတွေမရှိပါပဲ…
လှပစိတ်ထားတွေ…မေတ္တာတွေနဲ့ အတူ …ချစ်ခင်ကြင်နာနိုင်ပါစေ)
ကိုညီလင်းမှာတွေ့ပြီးလိုက်လာတာပါ
ခင်မင်မိတဲ့ sis jasmine