သီတင်းကျွတ်လ၏သဘာဝ
သန်တူလ ဟုလည်း ရှေး ကခေါ်ဝေါ်ကြသော
ဤ သီတင်းကျွတ်လ၌ လပြည့်ကျော် တစ်ရက်နေ့ တွင်
သံဃာ တော်များ ၀ါဆို သည့် အချိန်ကာလကုန်ဆုံးကြ၍ ၀ါကျွတ်ပြီ ဖြစ်သဖြင့်
ဝါဆို ကင်းလွတ် သီတင်းကျွတ် ဟူ၍ တစ်သွယ်၊
သံဃာတော်များ အချင်းချင်း အပြစ်မြင်က
ပြုပြင်ပေးရန် ဖိတ်မန္တက ပြုကြသည့်ပ၀ါရဏာ ပွဲ ပြု မြဲ ဖြစ်ကြသဖြင့်
မြတ်သံဃာလဲ၊ ဖိတ်ကြားမြဲ၊ ခြိမ့်သဲ ပ၀ါရဏာ ဟူ၍ တစ်ဖုံ၊
ကထိန်သင်္ကန်းလှူဒါန်းပွဲများ ခြိမ့်ခြိမ့်သဲမျှ ကျင်းပ ကြသဖြင့်
"လှူကထိန် သင်္ကန်းနှင့် မဂ်လမ်းတဲ့ ဆုပန်ရွယ်"ဟူ၍ တစ်ဖြာ
ရှေးသူဟောင်းတို့ စကား မှတ်သားခဲ့ ကြရပါသည်။
ဤ လ ၌ ဆရာတော် သံဃာ တော်များ ဘိုးဘွားမိဘ ဆရာသမားများ အသက်သိက္ခာဂုဏ်ဝါ ကြီးသူများကို
ပူဇော်ကန်တော့ ပွဲများကျင်းပ ကြသဖြင့်
"စကြာမန္ဓာတ်၊ စဉ်မှတ်ဆက်မြဲ၊ ကန်တော့ပွဲ " ဟူ၍ တစ်မျိုး
တစ်ဝါတွင်းလုံး ဘုရားစေတီရှေ့ရှိသင်ပုတ်ပလ္လင် ဆွမ်းတော်ကြီး တင်ခဲ့ကြရာ
ဤ လတွင် ဆွမ်းတော်ကြီးတင်ပွဲ အပြီးသတ်၍ သင်ပုတ်ပလ္လင်ကို ဆေးကြောကြသဖြင့်
" သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး" ဟူ၍ တစ်နည်း
ရှေးလူကြီးသူမ တို့  စကားကို မှတ်သားခဲ့ကြရပါသည်။
ကြာမျိုးစုံညီ အဿဝဏီနှင့် ယှဉ်မှီသော်တာ ကျီးတာရာတို့  ယှဉ်လာတူကွ ထွန်းတောက်ပသဖြင့်
" အဿဝဏီ၊ ရောင်လျှံခြည်၍၊ ပြည့်ညီထွန်းဝါ၊ ဂြိုလ်စန္ဒာနှင့်၊ တူသာတကွ၊ ကာကတာရာ၊
နေ့မှာစိတြ၊ နေ့နှင့်မျှ၍ ဟု တစ်လီ၊
"တူရာသီဝယ်၊ အဿဝဏီကြယ်မြတ်၊ ကျီးမင်းသိရ်လဲ၊ ရောင်ရှိန်လျှပ်လို့၊ သုဒသ်ကယ်နန်းလို၊
မီးမြင်းမိုရ်နှင့်၊ ၀ါဆိုကင်းလွတ်၊ သီတင်းကျွတ်မို့၊ ဘုံထွတ်ကယ် ဥကင်၊
ပွင်စံပယ်ရွှင်သောခါ၊ တိုင်းခွင်ကြီး အောင်ချာမှာ၊ ဆီမီးဝါ ထိန်ထိန်လင်းလို့ လင်းလှတယ်လေး" ဟူ၍တစ်ထွေ
စာပေ မှတ်တမ်းပြုခဲ့ကြပါသည်။
သုံးလူ့ထွတ်ချာ စောမြတ်စွာလည်း
ခုနစ်ဝါကျ ၀တိံကြွ၍ ကြီးလှကျေးဇူး အထူးတင်ရှိ မွေးမယ်မိအားအမှူးထား၍
တရားဘိဓမ္မာ ဟောပြီးခါလျှင် ပုဏ္ဏာတိထိ ကျွတ်လပြည့်၌ မြတ်သည့်ဌာန
သင်္ကဿသို့ ဆင်းကြွလတ်သော် ရှိကော်ရော်၍
ပူဇော်မီးပွဲ ခြိမ့်ခြိမ့်သဲမျှ သောင်းသဲအုတ်အော် ပြည်လုံးပျော်လျက် ရည်ရော်မဂ်ဖိုလ် မြတ်ကုသိုလ် ကို
ဆင်နွှဲ ခဲ့ကြပါသည်။
**************************************
ဒီနေ့ ... သီတင်းကျွတ်လပြည့်နေ့............
ချစ်ပန်းခိုင်တစ်ယောက် ....
နံနက် 5 နာရီ အချိန်မှာ ရပ်ကွက် လမ်းထိပ် ဓမ္မာရုံမှာ
ပန်း၊ ရေချမ်း ၊ဆီမီး ဆွမ်း၊ သစ်သီးခဲဘွယ် ဘောဇဉ် ချို ချဉ် အရသာ တို့ ဖြင့်
ဆွမ်းတော်ကြီး တင် ကပ်လှူပူဇော်ပွဲမှာကို သွားရောက်ခါ
ဝတ်ရွတ် အသင်းအဖွဲ့ တို့နဲ့ အတူ..သုံးလောကထွဋ်ထားသဗ္ဗေညုရှင်တော်
မြတ်စွာဘုရားရှင်းအားဓမ္မ ပူဇာဖြင့်
ပူဇော်ကန်တော့ ခဲ့ကြပါတယ်
ဒါကတော့ အိမ် ကဘုရားလေ ..အရမ်းသပ္ပာယ်တာ .....
ပန်း၊ရေချမ်း သစ်သီး
လျှပ်စစ်မီးနှင့်
မီးအသွယ်သွယ်
ရောင် လျှံချယ်၍
ရင်ဝယ်သိမ့်သိမ့်
ပီတိ စိတ်မျှ
ချမ်းငြိမ့် ကြည်သာ
စေတနာဖြင့်
ခေမာမြို့ နန်း
လှူဒါန်းဆပ်ကပ်ပါ၏ဘုရား၊
အိမ်ကိုရောက်ဖူးသူတိုင်းကတော့ စိတ်ချမ်းသာပျော်ရွှင်သွားကြတာ အမှန်ပဲလေ
ခုလဲ ..အစ်ကို အစ်မ မောင်လေး ညီမလေး တို့ လဲ ဖူးမျှော် .ကြည်ညို သဒ္ဒါ ပွါးများနိုင်ကြပါစေနော်...


ဒါကတော့ ချစ်ပန်းတို့ ရဲ့ ဖေဖေ နဲ့  မေမေ ပေါ့
မနေ့ ကအိမ်မှာ ၀င်လာမစဲ တသဲသဲ ပါပဲ ဖေဖေနဲ့ မေ့မေ့ကို လာကန်တော့ကြတာလေ...
ကိုယ်လဲ သူတို့နဲ့  အတူတူ အကြိမ်ကြိမ် ကန်တော့ ဖြစ်တာပေါ့...
ညပိုင်းမှာတော့ ...ကန်တော့ပစ္စည်း တွေ တပွေ့ တပိုက် ကြီးများဖြင့်
.. အနာဂတ်ကောင်းကင် က ညကလေးနဲ့ လရိပ် တို့ရယ်...ညီမ ၀မ်းကွဲလေး တစ်ယောက်ရယ်.ရှေ့ဆင့်နောက်ဆင့် ရောက်လာခဲ့ ကြပြန်တယ်လေ
အဲဒီတော့ ချစ်ပန်းလဲ.....သူတို့ နဲ့အတူ ထပ်ပြီးကန်တော့ ဖြစ်လိုက်ပါသေးတယ်...:)
ကုသိုလ် တွေအများကြီးရအောင်လို့ ပေါ့ ....
ဖေဖေနဲ့ မေမေက ၀မ်းသာမဆုံး... ပျော် တပြုံးပြုံး နဲ့ ပေါ့
သြ ကာသ ကန်တော့ ကျိုးနဲ့ ရှိခိုးဦးချ ကန် တော့ လိုက်ကြပါတယ်
ရှိခိုးကန်တော့ ပြီးတော့ ဖေဖေ နဲ့  မေမေက ဆုတွေ တသီကြီးပေးလို့ 
ကုသိုလ်တွေ ...အများကြီးရလိုက်ပြန်တာပေါ့.....မလင်းသက်နဲ့ လရိပ်လေးတို့ ကို ချစ်မေမေက
အညာလက်ဆောင် ခြံထွက် ပဲများ တစ်ယောက်တစ်ထုတ်စီဖြင့်မုန့် ဖိုးတွေလဲ ပေးလိုက် ကြပါသေးတယ်...
.မေမေက တို့ ကျတော့မုန့်ဖိုးပေးဝူးးးးးးးးးး :D
အဲဒီနောက်တော့ မလင်းသက်နဲ့  လရိပ်လေးတို့ကို .. အအေးတိုက် တယ်..
ဆေးဘဲဥ တွေ သုပ်ကျွေး ငါးမုန့်ကြော်တွေ ကျွေးနဲ့ ....စကားစမြည်ပြောကြရင်း ဖြင့်
သီတင်းကျွတ်ရဲ့ ပျော်ရွှင်ခြင်၊ ကြည်နူးခြင်း၊ ပီတီတို့ဖြင့် ပြည့်စုံစေလျက်
စိတ်ချမ်းသာ ပျော်ရွှင် အေးချမ်းခဲ့ ပါတယ်ရှင်......
ကဲ ...အားလုံးသော .. မောင်နှမ အစ်ကို အစ်မ မောင်လေး ညီမလေးတွေလဲ ....
ဝမ်းမြောက် စွာ သာဓု ခေါ်ရင်း မိမိ ပြုခဲ့ ကြတဲ့ ကုသိုလ်တွေအတွက်လဲ ..ပီတိနဲ့အတူ ၀မ်းသာနိုင်ကြပါစေ
အဝေးရောက် နေကြတဲ့  မိသားစုနဲ့ဝေးကွာနေကြတဲ့ အစ်ကို အစ်မ မောင်လေး ညီမလေးတွေလဲ
ကိုယ်တိုင်စီးမျောခံစား လျက် ....သီတင်းကျွတ် အတွက်
..အလွမ်းပြေနိုင်ကြပါစေနော်.............။
မေတ္တာဖြင့် ...ချစ်ပန်းခိုင်
အခုခေတ်မှာ ဒီလို လိမ္မာ ယဉ်ကျေးတဲ့
ReplyDeleteမြန်မာ အမျိုးကောင်းသမီးလေးတွေ
မရှိသလောက် ရှားပါးသွားပေမယ့်
အခုလို ရှိနေသေးတာ မြင်ရတွေ့ရတော့
ပီတိဖြစ်မိတယ်ဗျာ ။
ညီမလေးရေ .... မြန်မာ့အမျိုးသမီးဂုဏ်ကို
ထာဝရ စောင့်ရှောက်နိုင်ပါစေဗျာ ။
သီတင်းကျွတ်လ၏ ပျော်ရွှင်ကြည်နူးစရာ အမှတ်တရလေးကို
ReplyDeleteမျှဝေခံစားခဲ့ပါတယ်
ခင်မင်တဲ့
sis jasmine