Tuesday 23 October 2012

ချစ်သူအစစ် တကယ်ဖြစ်လို့ ဘာတွေဖြစ်ပါစေ ချစ်နေကြမယ်လေ




စိတ်တူ ကိုယ်တူ
ခံစားချက်တွေ ဝေမျှ

ရင်ခုန်သံခြင်း ထပ်တူညီကြလို့ 

သံယောဇဉ်တွေ  ဖြစ်ခဲ့ ကြဖူးတယ် ။ 

    
နှလုံးသားအသိညီမျှ
ကြည်မြတဲ့ သံယောဇဉ်

အမှန်ပြောရင်သစ္စာ

ဟန်သဘောပင်  အပြစ်မပါ

ရှစ်ကမ္ဘာမှာ သစ္စာတွေစူးနင့်

ချစ်တာတွေ  ရူးရင့်ခဲ့ ဖူးတယ် ။ 
   
ဘ၀အမောတွေကြား
ခဏ  ဇော တွေ ဘေးဖယ်

အတွေးဖလှယ်ကာ  ဖြေသိမ့်

ချစ်တတ်တဲ့ စိတ်နဲ့ 

ချွေးသိပ်လို့ ခိုနား

နှစ်ကိုယ်ကြားမှာ...

ဆိုစကားတွေ  ချိုခဲ့ ကြဖူးတယ် ။ 

 
ဒုက္ခကိုထမ်း
ခရောင်းလမ်းမှာ
မပျော့ပြောင်းလှ သူ့ဘ၀အတွက်

စာနာသနား ဂရုဏာထားလို့ 

အစ္ဈတ္တ ကို  ထွေးယှက်

မေတ္တာတွေ   ပေးအပ်ခဲ့ ဖူးတယ် ။ 

 


တစ်ယောက် သဘော
တစ်ယောက်မနောစိတ်မှာ 

ပွင့်လင်းစွာ ရိုးသား
ကြိုးစားကာ  မယိုင်မလဲ
ယုံကြည်မှုတွေ ခိုင်မြဲခဲ့ ဖူးတယ် ။

တစ်ခါတစ်လေ
တစ်ယောက်လိုအင်တွေ
မငြိုငြင် ဖြည့်ပေး
နှလုံးသွေးတွေ နွေးထွေး
ရင်ခုန်သံတွေ မဝေးပဲ
စိတ်အတွေးမှာ အရေးထား
အသွေးအသားမှာ မြတ်နိုး
ဖြူစင်မှုတွေ  ထပ်တိုးခဲ့ဖူးတယ် ။ 
  
တစ်ခါတစ်လေ
သူသိပ်ပင်ပန်း
စိတ်မရွှင်လန်းစေတဲ့  အခါ
ညစ်တာတွေ ဖယ်ညှိ
အပြစ်အနာဆာတွေ  တကယ်မရှိ
ပကတိ မေတ္တာကို လှစ်ခါပြ
ဟန်ပကာသနတွေ အရိပ်မကျ
အမှန်သဘာဝ စိတ်အလှနဲ့ 
မာန်မာနတွေ  နှိမ့်ချခဲ့ ဖူးတယ် ။ 

တစ်ခါတစ်ရံ
သူ့စကားသံတွေက
ကဗျာမဆန်
မာထန်လာတဲ့အခါ
ကိုယ့်ရင်မှာ ကြေကွဲလို့နာကျင်
သူမမြင် သူမသိ

သူမကြည့်လေတော့

တစိမ့်စိမ့်တွေးကာ  စိတ်တို

တိတ်တိတ်လေးသာကြိတ်ငိုခဲ့ ဖူးတယ် ။ 

   
တစ်ခါတစ်ခါ
အလှတရားတွေ အလီလီအတွက်
အတ္တ အမှားတွေကိုယ်စီ

ရှိခဲ့ ကြပေမယ့်

အထင်လွဲကာ တိတ်တိတ်နေစဲ

ရင်ထဲမှာသာ တိတ်ဆိတ်ကြေကွဲ

လွမ်းသည့် စိတ်တွေ 

ကြိတ်၍ ဖြေ ခဲ့ ဖူးတယ် ။ 

   
တစ်ခါတစ်လေ
သဘာဝရဲ့ ဆန္ဒတွေ
မျှော်လင့်နေ ကိုယ့်အတွက်

တန်ဖိုးထားကာ သိုသိပ်

မျိုသိပ်ကာလေ နှုတ်ဆိတ်နေရဲ့
သို့ပေမယ့် သူ့ရဲ့ မျက်နှာ
အပြုံးရိပ် တွေ ဝေစေကာ

ဆန္ဒကို ပိတ် သူ့ရဲ့ စိတ်ကို

အသွေးအသားမှာ ခိုကိုး

လေးစားကာ ရိုကျိုးခဲ့ ဖူးတယ် ။ 

   
ဒီလိုနဲ့ 
တစ်ဦးနဲ့တစ်ဦး
ရွှင်မြူးကာ ပျော်ရွှင်လှမ်း
ဘ၀ခရီးလမ်းမှာ

ကိုယ့်ဘက်သူ့ဘက် 

အားနည်း ချက်တွေ ပြုပြင်

ရှုမြင်ကာ သုံးသပ်

အပြုံး မပျက်တဲ့ အတွေးကိုယ်စီဖလှယ်ကြရင်း

အလုပ်တစ်ဖက်နဲ့  အရေးကိုယ်စီ သယ်ကြရင်း

အမှောင်နဲ့ အလင်း ဖြစ်စဉ်မှာ

ဖောင်ဖွဲ့ ရင်း ချစ်ခင်စွာဖြင့်

အမှားအမှန်တွေ ခွဲခြား

အားမန်တွေ  တွဲ ထားခဲ့ ဖူးတယ် ။ 

   
အဲဒီလို
အတိုင်း မသိအောင် နက်ရှိုင်း
မဆုံးနိုင်အောင်ကျယ်ပြန့်

ဘယ်လိုပင် ခရီးဆန့်ခဲ့ပေမယ့်

ခရီးရှည်ရှည်၊မိုင်တွေ များများ

မဟာသမုဒ္ဒရာ

ဘယ်လို ပင် ခြားစေ ဦးတော့

ထားရှိကြတဲ့ ဖြူစင်မြင့်မြတ်မှုတွေ

ထပ်တူလေ....လောကဓံတရားကို

သဘောမှန်စွာထားခဲ့ ကြတာ

တို့ နှစ်ဦး ရဲ့  သစ္စာ။ 

   
အဲဒီလို  ..အဲဒီလိုနဲ့...
ရင်နင့်အောင်တကယ် ချစ်ကြသူတွေမို့ 

ထာဝဇဉ် အတွေးမှာ ဘယ်ခါမခွဲ

အစဉ်သာတွဲလို့ 

အကြင်နာမြဲကာ မေတ္တာ ပေး

ချစ်တာတွေ မဝေးစေရအောင်

နားလည်မှု  အသင်္ချေ

ချစ်ခြင်း အလင်္ကာတွေနဲ့
တစ်ဘ၀မှာတစ်ယောက်
ဘယ်တော့မှ မဖောက်လွဲခြင်းအစစ်နဲ့
အပြစ်မယူ .ညစ်အပူတွေ ပြစ်ခွါ

ချစ်သူအစစ်သာ တကယ် ဖြစ်လို့ 

အဘယ်အဖြစ်တွေ ရှိနေပါစေ

ချစ်နေကြမယ် ။ 




 ချစ်ပန်းခိုင်