Sunday 21 October 2012

ချစ်သူသိစေ သစ္စာရှိစေ











ကိုယ့်ရဲ့ ပတ်ဝန်းကျင်တွေထဲမှာ 

သူ့ ကိုမတွေ့ရတော့တဲ့ အခါ 

လွမ်းတာမဟုတ်ပေမယ့် 

သတိရစိတ်တွေက 

အတိုင်းမသိအောင် ရှည်ကြာခဲ့တယ် 

သိစိတ်မှာ အတိအလင်း 

မပွင့်လင်းခဲ့ကြပေမယ့် 

မသိစိတ်တွေထဲမှာ 

သံယောဇဉ်တွေ ခိုင်မာနေခဲ့ ကြတယ် ။ 



ဘယ်အချိန်မှာ 

မျက်နှာချင်းဆိုင် ဆုံနိုင်ပါ့မလဲ 

နှစ် ၊လ ၊ ရက် ၊သက္ကရာဇ် တွေထဲ 

ခန့် မှန်းလို့ မရ နိုင်ခဲ့ပေမယ့် 

ပြောင်းလဲ သွားမှာကိုလည်း 

စိုးကြောက်နေခဲ့ မိပါတယ် ။ 


အရူးလုပ်တတ်တဲ့ 

ကံကြမ္မာကို မယုံရဲပါဘူး 

အနူးအညွတ်တောင်းပန်ပါရစေ ။ 


ကိုယ့်ရင်ထဲက ချစ်မြတ်နိုးတာတွေ စစ်မှန်ခဲ့ရင် 

ဝေးနေရချိန်တွေ ဘယ်လောက်ရှည်ရှည် 

ကိုယ် ညီမ (ခိုင့်) အပေါ် သစ္စာရှိပါစေ ။ 





ချစ်ပန်းခိုင် 

No comments:

Post a Comment