အနာဂတ်ကောင်းကင်မိသားစုဝင်အားလုံး
ကိုယ်လည်းကျန်းမာ စိတ်လည်းရွှင်လန်း ဘ၀ကောင်းကင်ထက်မှာ ကြည်နူးစွာပျံသန်းနိုင်စေကြောင်း
ပဏာမထားလို့  ဂါရ၀တရားနဲ့ဆုမွန်စကားခြွေလိုက်ပါတယ် ။
ဟုတ်ကဲ့ ပါရှင် ......
အခုဆိုရင်
ချစ်ပန်းတို့ အနာဂတ်ကောင်းကင်မိသားစုလေး ရဲ့  ပရဟိတ လုပ်ဆောင်မှုလေးတွေကို
စဉ်တိုက် ဆက်တိုက် ဆိုသလို ကောင်းကင်မိသားစုဝင်တို့ရဲ့ စည်လုံးညီညွတ်မှုတို
့နဲ့အတူ.. ပရဟိတ
အလှူ၊ တံတားအလှူ၊ ရေအလှူ၊ သွေးအလှူ အစရှိသဖြင့် ပြုလုပ်ဆောင်ရွက်လာကြတာဖြင့်
(၈) ကြိမ် တိုင်တိုင် ပြုလုပ်ခဲ့ ပြီး ဖြစ်ပါတယ်ရှင် ..
အခုလဲ ....ချစ်ပန်းတို့ အနာဂတ် ကောင်းကင် မောင်နှမတတွေ .တစ်လတစ်ခါ တွေ့ဆုံဖြစ်ကြတာမှာ
4.11.2012 ရက်နေ့က ရန်ကုန် မှာ ရှိတဲ့အနာဂတ် ကောင်းကင် မောင်နှမ
10ယောက် တွေ့ဆုံဖြစ်ကြတာမှာ
လာမယ့်တန်ဆောင်မုန်း လအတွက်...တောရွာ ၊မြို့နယ်၊ရပ်ကွက်၊လမ်း၊ ဈေး အစရှိသည်တိုင်းတို့ မှာ
စုပေါင်းမဟာ
ဘုံကထိန် ဆိုတဲ့ ပွဲ တော်ကြီးကိုကျင်းပ သကဲ့ သို့ မိမိတို့  အနာဂတ်
ကောင်းကင်
အွန်လိုင်းမိသားစုအနေနဲ့လဲ ပဒေသာပင် တစ်ခုလောက်
သီးပြီးစုပေါင်းမဟာဘုံကထိန် အဖြစ်
ပြုလုပ်နိုင်ကြရင် ကောင်းမှာပဲလို့ စိတ်ကူးရကြတာနဲ့ အားလုံးစိတ်သဘောထားတူညီစွာ
ဆိုဒ် ခေါင်းဆောင် ကိုကြီးနှင့် မောင်နှမ များကို အသိပေးဆွေးနွေးတိုင်ပင်လို့ ရယ်..
တစ်ယောက်က ထီးလှူရင် တစ်ယောက်က ယပ်တောင်၊ ဖိနပ်၊တဘက်၊ သပိတ် ၊ သင်္ကန်း အစရှိသဖြင့်
အားလုံးစုပေါင်းလိုက်ရင် ပဒေသာပင် အနည်ဆုံး တစ်ခု လှလှပပ ပြုလုပ်နိုင်လိမ့်မယ်ယုံကြည်မိတာကြောင့်
အဲဒီတွေ့ဆုံပွဲလေးကနေ
ဒုန့် ၊ဆရာဘွတ်၊ ၊အမေ့သားနေလင်းဖြိုး၊ ကဗျာလုလင်
၊ဇော်မင်းအောင်၊ပေါ်ဦးသား ဂျယ်လီ ၊ကိုကို ၊မလင်းသက် ၊ချစ်ပန်းခိုင်
အစရှိတဲ့ ကောင်းကင်မောင်နှမများကကောင်းကင်ထဲမှာရှိကြတဲ့
မိသားစုဝင်အားလုံးရဲ့ ဖြူစင်တဲ့ စေတနာ
၊
ထက်သန်တဲ့သဒ္ဓါတရားတွေကိုယုံကြည်စွာနဲ့ ကောင်းကင်ရဲ့ ပရဟိတဒါန
ပန်းခင်းလေးတစ်ခုအနေနဲ့
ဘုံကထိန် ဆိုတဲ့  ပဒေသာပင်ကြီးကို
ထပ်မံစိုက်ပျိုးဖို့ ညီညွတ်စွာနဲ့ ဆုံးဖြတ်ခဲ့ကြပါတယ် ။
ရေကြီးတဲ့နေရာမှာ မိုးမရွာချင် ၊
ရွှေတ၀င်းဝင်းမှာ ရွှေထပ်မချချင်
မိုးခေါင်တဲ့နေရာမှာ စေတနာမိုးစက်လေးတွေ တက်နိုင်သမျှ ဖျန်းပက်ချင် ၊
ယိုင်နဲ့နေတဲ့ အဆောက်အဦးလေးတွေကို ခိုင်ခန့်စေချင်
တဲ့ ကောင်းကင်မောင်နှမများဟာအမှန်တကယ်လိုအပ်တဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ
ကထိနဒါန ဆိုတဲ့ မြင့်မြတ်သော
ကထိန်အလှူလေးတစ်ခုကိုပြုလုပ်လှူဒါန်းဖို့ဆုံးဖြတ်ပြီးစုံစမ်းရှာဖွေခဲ့ကြရာမှာ
သန်လျင်မြို့၊ကျောက်ရေတွင်းကျေးရွာ၊ဆုတောင်းပြည့် ဘုန်းကြီးကျောင်း
(တိုင်းရင်းသားလူငယ်ဖွံ့ဖြိုး ပရဟိတဂေဟာ)ကိုတွေ့ရှိခဲ့ပါတယ် ။ အဲဒီဘုန်းတော် ကြီး ကျောင်းမှာ
သံဃာတော်အပါး(၂၀)၊
ရှင်သာမဏေအပါး(၁၈၀) မိဘမဲ့တိုင်းရင်းသားလူငယ်(၅၀၀)ခန့်ရှိပြီး
အမှန်တကယ်
လှူဒါန်းမှုပြုသင့်တဲ့နေရာ ၊ စေတနာမိုးဖျန်းပက်ဖို့ သင့်တဲ
ဒါနပန်းခင်းနေရာလေးတစ်ခုဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။
ရတနာမှာ စိန်
ရာသီမှာ မိန်
မြေမှာသိမ်
သင်္ကန်းမှာ ကထိန်
မြင့်မြတ်ဆုံးသောဒါန ကထိန်အလှူကို ပါဝင်လှူဒါန်းခွင့်ရရှိရုံသာမက
မိဘမဲ့တိုင်းရင်းသားလူငယ်လေးတွေကိုပါဖြည့်ဆည်းလှူဒါန်းပေးနိုင်တဲ့
အတွက် အလှမှာအယဉ်ဆင့် အမြင့်ဆုံးသော ဒါနပန်းခင်းတစ်ခုကို
လှပစွာစိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။
အစဉ်ညီညွတ်သော ၊ အမြဲစည်းလုံးသော ၊ ထာဝရ စေတနာတို့ထက်သန်သော အနာဂတ်ကောင်းကင်မိသားစုဝင်အားလုံးရဲ့ တူညီတဲ့အားထုတ်ကြိုးပမ်းမှုတွေနဲ့ ဒီစေတနာပန်းခင်းကလေးကို လန်းဆန်းလှပအောင်စိုက်ပျိုးနိုင်မယ်လို့လည်း ချစ်ပန်းခိုင်တို့ယုံကြည်ထားပါတယ် ။
အစဉ်ညီညွတ်သော ၊ အမြဲစည်းလုံးသော ၊ ထာဝရ စေတနာတို့ထက်သန်သော အနာဂတ်ကောင်းကင်မိသားစုဝင်အားလုံးရဲ့ တူညီတဲ့အားထုတ်ကြိုးပမ်းမှုတွေနဲ့ ဒီစေတနာပန်းခင်းကလေးကို လန်းဆန်းလှပအောင်စိုက်ပျိုးနိုင်မယ်လို့လည်း ချစ်ပန်းခိုင်တို့ယုံကြည်ထားပါတယ် ။
ဒီလို ဘုံကထိန် အလှူဆိုတာလဲ တစ်ခါလှူပြီးရင်
နှစ်စဉ်နှစ်တိုင်း လရာသီ ရောက်တိုင်းမြန်မာ့ရိုးရာ ထုံတမ်းစဉ်လာမပြတ်
ယဉ်ကျေးမှု ဓလေ့ ထုံစံကိုထိန်းသိမ်းရာ ရောက်တဲ့ 
ကုသိုလ်ပြု လုပ်ငန်းလေးတွေကို..ရှေးလူကြီးများမှတဆင့်
အနာဂတ် လူငယ်မောင်မယ်လေးများ
လက်ဆင့်ကမ်း ပြူလုပ်သွားကြမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီဒါနပန်းခင်စိုက်ပျိုးပွဲလေးမှာ အားတက်သရောပျော်ပျော်ရွှင်ရွှင်နဲ့ပါဝင်ကြမယ်ဆိုတာကိုလည်း ကြိုတင်မြင်ယောင်မိပါတယ် ။
ကထိန်ဒါနပန်းခင်းလေးပြုလုပ်မဲ့ အသေးစိတ်အစီအစဉ်ကတော့အောက်ပါလင့်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
ကထိန်ခင်းဖို့အတွက် လိုအပ်တဲ့ သင်္ကန်း ထီး ၊ ဖိနပ်စတဲ့ ပရိက္ခရာများရဲ့ဈေးနှုန်းကို မောင်နှမ၀င်များ
ကြိုးစားပြီး ကြိုတင်စုံစမ်းခဲ့ကြရာမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
ကထိန် ပဒေသာပင် ပစ္စည်း လှူချင်သူများအတွက်
ပစ္စည်း တန်ဖိုးစာရင်းများ
(ညှပ်သင်္ကန်းကြီး အတွက် တစ်စုံသင်္ကန်းအမျိုးအစား နှစ်ခု )
333 သရီးလိုင်ဖယ် - 26000 ကျပ်
ဂျပန်လီနင် - 28000 ကျပ်
သင်္ကန်း တစ်စုံ - 8500 ကျပ်
ပစ္စည်း တန်ဖိုးစာရင်းများ
(ညှပ်သင်္ကန်းကြီး အတွက် တစ်စုံသင်္ကန်းအမျိုးအစား နှစ်ခု )
333 သရီးလိုင်ဖယ် - 26000 ကျပ်
ဂျပန်လီနင် - 28000 ကျပ်
..............................................................................
သင်္ကန်း တစ်စုံ - 8500 ကျပ်
ထီး တစ်ချောင်း - 2500 ကျပ်
ဖိနပ် တစ်ရံ - 2500 ကျပ်
ယပ် တစ်ချောင်း - 1500 ကျပ်
..............................................................................
..............................................................................
(သင်္ကန်း၊ ထီး၊ဖိနပ်၊ယပ်) ၄ မျိုးပါ အစုံလိုက် တစ်စုံကို -13000 ကျပ်
နေကထိုင်
အပေါ် ခြုံထည် (အကြီး) တစ်ထည် - 2500 ကျပ်
နေကထိုင်
အပေါ် ခြုံထည် (အကြီး) တစ်ထည် - 2500 ကျပ်
ကတ္တီပါ တစ်ထည် - 1500 ကျပ်
စကိတ် အခင်း တစ်ထည် - 2500 ကျပ်
ချည်ခါးပန်းကြိုး တစ်ချောင်း - 1000 ကျပ်
ဆွမ်းသပိတ် (အင်းဝတံဆိပ်) - 7500 ကျပ်
ဒံဆွမ်းခွက် (5 )လုံး တစ်ထုတ် - 1000 ကျပ်
စတီး ဆွမ်းခွက် 5လုံး တစ်ထုတ် - 7500 ကျပ်
မျက်နှာသုပ် တဘက် အကြီး တစ်ထည် - 3000 ကျပ်
မျက်နှာသုပ် တဘက် အသေး တစ်ထည် - 1000 ကျပ်
ချည်ခါးပန်းကြိုး တစ်ချောင်း - 1000 ကျပ်
ဆွမ်းသပိတ် (အင်းဝတံဆိပ်) - 7500 ကျပ်
ဒံဆွမ်းခွက် (5 )လုံး တစ်ထုတ် - 1000 ကျပ်
စတီး ဆွမ်းခွက် 5လုံး တစ်ထုတ် - 7500 ကျပ်
မျက်နှာသုပ် တဘက် အကြီး တစ်ထည် - 3000 ကျပ်
မျက်နှာသုပ် တဘက် အသေး တစ်ထည် - 1000 ကျပ်
ဖော်ပြပါ လှူဖွယ် ပစ္စည်းများမှ မိမိ အလျင်းသင့်ရာ ပစ္စည်းတစ်ခု ကိုလည်းကောင်း
သင်္ကန်း၊ ထီး ဖိနပ်၊ယပ် (၄)မျိုး၊အစုံ လိုက်ကို သော်လည်းကောင် လှူဒါန်းလိုပါက
ဖော်ပြပါ ကထိန်ဖြစ်မြောက်ရေး အကျိုးဆောင်များမှ
နီးစပ်ရာ တစ်ဦးဦးသို့ စာရင်းပေးသွင်း ပါဝင် လှူဒါန်းနိုင်ပါသည်။
ငွေ ပဒေသာပင်အတွက် လှူ ဒါန်းလို သူများလဲ ၀တ္တု အလှူတော်ငွေ လှူဒါန်းနိုင်ပါသည်။
မိမိ နှစ်သက်ရာ တခြား ကျောင်းသုံးပစ္စည်း ပစ္စယများ ကိုယ်တိုင်ကိုယ်ကျ ၀ယ်ယူလှူဒါန်းလို ပါလျှင်လဲ
အလှူပစ္စည်းများကို ကထိန်ဖြစ်မြောက်ရေး အဖွဲ့ ဝင်များသို့ ပေးပို့ လှူဒါန်းနိုင်ပါတယ်ရှင်...
ကထိန်အတွက် ငွေပဒေသာပင်၊ ပစ္စည်းပဒေသာပင် ဟူ၍ပဒေသာပင် နှစ်မျိုး ပြုလုပ်လှူဒါန်းကြပါမည်။
ကထိန်အတွက် ငွေပဒေသာပင်၊ ပစ္စည်းပဒေသာပင် ဟူ၍ပဒေသာပင် နှစ်မျိုး ပြုလုပ်လှူဒါန်းကြပါမည်။
ဒီဒါနပန်းခင်းလေးကို ထက်သန်တဲ့စေတနာသဒ္ဓါတရားနဲ့ လှူဒါန်းလိုကြပါလျှင်ဖြစ် အောက်ပါလိပ်စာများကို
ဆက်သွယ်လှူဒါန်းနိုင်ပါတယ် ။
ဆရာဘွတ် ( 0943176182 )
ချစ်ပန်းခိုင် ( 0949311705 )
တစ်ခုပြီး တစ်ခု
ကျော်ဖြတ်လာခဲ့တဲ့ ကောင်းကင်ပရဟိတဒါနအလှူ ခရီးမိုင်တိုင်များဟာ
လှပခန့်ငြားထည်ဝါစွာ မော်ကွန်းတင်ကျန်ရှိခဲ့ပြီဖြစ်ပါတယ် ။ ဆက်လက်ပြီးလည်း
လောကလှစေဖို့
ပရဟိတလမ်းကြောင်းမှာ အနာဂတ်ကောင်းကင်မိသားစုဝင်အားလုံးဟာ
တူတူညီညီ ပျော်ပျော်ရွှင်ရွှင်ဆက်လှမ်းကြမှာဖြစ်ပါတယ် ။
ယခုပြုလုပ်မယ့်
(ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် )ကထိန်ဒါနဆိုတဲ့မြတ်သောအလှူ
၊ဒါနပန်းခင်းလေးဟာလည်း ကောင်းကင်ရဲ့ ပရဟိတသမိုင်းမှတ်တမ်းမှာ
ခန့်ငြားထည်ဝယ်စွာ ထင်ကျန်ခဲ့မှာလည်းဖြစ်ပါတယ် ။
ဒီဒါနပန်းခင်းစိုက်ပျိုးတဲ့ပွဲတော်လေးကို
အနာဂတ်ကောင်းကင်မိသားစုဝင်များအားလုံး တက်တတ်ကြွကြွနဲ့ပါဝင်ပြီး
ညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင်နဲ့ လှပစွာစိုက်ပျိုးနိုင်မယ်လို့လည်း
ယုံကြည်မိရင်း ...........
ဘာသာတရားတွေ ရင့်ကျက်
သဒ္ဓါတရားတွေ မြင့်တက်လာတဲ့
သဒ္ဓါတရားတွေ မြင့်တက်လာတဲ့
ကောင်းကင်မိသားစုဝင်များရဲ့ တစ်ဆင့်အထက်ခြေလှမ်း
ကထိန်ဒါနပန်းခင်းလေးကို အားလုံးညီညာစွာ စိုက်ပျိုးနိုင်ကြဖို့ အနာဂတ်ကောင်းကင်မိသားစုဝင်အားလုံးကို နိဗ္ဗာန်ရွှေပြည်တော်ကိုရည်မျှော်လျက်
နှိုးဆော်တိုက်တွန်းရပါတယ်ရှင်။
ကထိန်ဒါနပန်းခင်းလေးကို အားလုံးညီညာစွာ စိုက်ပျိုးနိုင်ကြဖို့ အနာဂတ်ကောင်းကင်မိသားစုဝင်အားလုံးကို နိဗ္ဗာန်ရွှေပြည်တော်ကိုရည်မျှော်လျက်
နှိုးဆော်တိုက်တွန်းရပါတယ်ရှင်။
အနာဂတ်ကောင်းကင် ပရဟိတ အွန်လိုင်းမိသားစု တို့ ၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်
ပွဲတော်သို့  အနာဂတ်ကောင်းကင်မောင်နှမများ ပျော်ရွှင်စွာပါဝင် လှူဒါန်း
ဆင် နွှဲ ပျော်ရွှင်ကြပါစို့ လားရှင်။။။
နတ်လူ သာဓု ခေါ်မယ့် အလှူပါပဲ .....
ReplyDeleteစိတ်တူ ကိုယ်တူနဲ့ အလှူတွေ အများကြီး
ဆက်လက်လှူဒါန်းနိုင်ပါစေ ညီမလေး ။